t/n : အရှေ့မှာ စီထူယင့်ရှုန်းရဲ့ သမီးနာမည်ကို ဝမ်းရန်ဆိုပြီး မှားရေးထားမိလို့ပါ ။ နာမည်အမှန်က ဝမ်ယန့်(စီထူယန့် ) ပါ ။ နာမည်တွေကို အရင်အပိုင်းမှာတော့ ပြန်edit ပြီးပါပြီ ။စာဖတ်ရတာအဆင်မပြေဖြစ်သွားရင် အားနာပါတယ်နော် ။
____
《 မဟုတ်ဘူး... ခင်ဗျားနားမလည်ပါဘူး 》
ဩဂုတ်လ ၆ ရက် ၊ ၂၀၂၁ ၊ သောကြာနေ့
မနက် ၈ နာရီ ၃၀ မိနစ် ။ကျင်းမြို့၏ မှုခင်းစစ်ဆေးရေးဓါတ်ခွဲခန်း၌ ။
ရဲအရာရှိဟွမ်က ဓါတ်လှေကားထဲမှ ထွက်ထွက်ချင်း ယဲ့ဟွိုင်ရွေ့၏ ရုံးခန်းရှိရာသို့ ဦးတည်လိုက်သည် ။
မှုခင်းစစ်ဆေးဓါတ်ခွဲခန်း၏ ကော်ရစ်တာက ကိုးဆယ်ဒီဂရီချိုးကွေ့ထားသည့် ' L ' ပုံစံဖြစ်သည် ။ ရဲအရာရှိဟွမ်က အမြဲအလောသုံးဆယ်နှင့် ခပ်သွက်သွက်လျှောက်တတ်၏ ။
သူထောင့်နားအရောက်ကွေ့လိုက်သောအခါ တစ်စုံတစ်ယောက်က တစ်ဘက်ခြမ်းကနေ တွန်းလှည်းအသေးကို တွန်းလာပြီး သူတို့ချင်း တည့်တည့်တိုးတော့သည် ။
" အမလေး ! "
ရဲအရာရှိဟွမ်က ဝင်တိုက်လုဆဲဆဲတွင် အနောက်ကို ခပ်သွက်သွက်ဆုတ်လိုက်သဖြင့် တွန်းလာသော လှည်းဖြင့် တိုက်မိမည့်အဖြစ်မှ မဆိုသလောက်အလိုဖြင့် ရှောင်တိမ်းနိုင်လိုက်သည် ။ သို့သော်လည်း သူအမြန်ရှောင်လိုက်ရတာကြောင့် မတော်တဆသူကိုင်ထားသော စာရွက်များ လက်ထဲမှ လွင့်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ ဟိုတစ်ရွက် သည်တစ်ရွက်ပျံ့ကျဲကုန်တော့သည် ။
" အာ !စိတ်မရှိပါနဲ့... တောင်းပန်ပါတယ် ... "
တွန်းလှည်းကို တွန်းလာသောသူက အထပ်ထပ်အခါခါတောင်းပန်ကာ ပြုတ်ကျသွားသော စာရွက်ကို တစ်ရွက်ချင်းစီလိုက်ကောက်ပေးပြီး ရဲအရာရှိဟွမ်ကို ပြန်ကမ်းပေးလိုက်သည် ။
" ကျွန်တော် တကယ်တောင်းပန်ပါတယ် ... "" ကိစ္စမရှိပါဘူး ... "
ရဲအရာရှိဟွမ်က သူ့အရှေ့ရှိ ယူနီဖောင်းဝတ်ထားသော အမျိုးသားကို မှတ်မိသွား၏ ။ ထိုလူက ရေခဲတိုက်တွင် နှစ်အတော်ကြာအလုပ်လုပ်နေသည့် သူဖြစ်သည် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)