Ch 26 - Skeleton 04

252 47 1
                                    

《 ငါသံသယဝင်မိတာ ဒီအရိုးစုက.... 》

ဘေးတွင်ရပ်နားထောင်နေသော အိုးယန်ထင်းထင်းကအမှု၏ အရေးပါသော ငွေစက္ကူ ၊ ချပ်စ်ပြားနှင့်ပက်သက်လို့ ထင်မြင်ချက်ပေးလာ၏ ။

" ဒါဆို ဒီလူရဲ့ သေဆုံးချိန်က ဇန်နဝါရီလ ၁၁ရက် ၊ ၁၉၈၂ ကနေ ဇွန်လ ၁၀ရက်၊ ၁၉၈၆ အတွင်းထဲပဲဖြစ်သင့်တာမဟုတ်လား ... "

အိုးယန်ထင်းထင်းက တစ်ခုခုကိုတွေးမိသွားပုံရပြီး သူမ မျက်မှောင်ကြုတ်မိသွား၏ ။

" လူကသေတာဖြင့် သုံးဆယ့်ငါးနှစ် ၊ သုံးဆယ့်ကိုးနှစ်လောက်ကြာနေပြီ ... ကျွန်မစိုးရိမ်မိတာက ... "

သူမ စကားကိုဆက်မပြောသော်လည်း ယဲ့ဟွိုင်ရွေ့ရော ကျန်းမင်မင်ပါ သူမဘာဆက်ပြောမလဲဆိုတာကို ခန့်မှန်းမိလိုက်သည် ။
" အချိန်ကွာဟမှုက အရမ်းများလွန်းတယ် ... ပြီးတော့ သေဆုံးသူရဲ့ အထောက်အထားကိုတောင် ကျွန်မတို့ ရှာတွေ့နိုင်ပါ့မလားပဲ .... "

" အဆင်ပြေပါတယ် ... "

ယဲ့ဟွိုင်ရွေ့က ပြုံးလျက် သူ့လက်ထောက်ကို နှစ်သိမ့်ပေးလိုက်သည် ။

" အကောင်းဆုံးသာလုပ်ပါ ... "

အိုးယန်ထင်းထင်းက သူမ နားလည်ကြောင်း ခေါင်းညိတ်ပြ၏ ။

" အိုး ...ဟုတ်သားပဲ ! "

ယဲ့ဟွိုင်ရွေ့က သူ့လက်ထဲရှိ အထောက်အထားတင်ပို့ချက်ကို တစ်ခါပြန်ကြည့်လိုက်ပြီး

" သေဆုံးသူရဲ့ ရှပ်အင်္ကျီအိတ်ကပ်ထဲမှာ စာရွက်ပိုင်းတစ်ခုလည်း ရှိနေသေးတယ် ... သက်သေစုဆောင်းရေးဌာနကတော့ အဲ့ဒါက မှတ်စုဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ် ... ခက်တာက မြေကြီးထဲမှာ မြှုပ်ခံရတာအရမ်းကြာတော့ အဲ့ဒီစာရွက်ကလည်း ဘာမှလုပ်လို့မရလောက်အောင် အရမ်းယိုယွင်းနေပြီ ... "

ကျန်းမင်မင်က ပုခုံးသာလှုပ်ပြလာ၏ ။

" အဟုတ်ပဲ ... နှစ်သုံးဆယ်လောက်ကြာပြီးတာတောင် သာမန်စာရွက်တစ်ရွက်က သုံးလို့ရနေသေးတယ်ဆိုရင် အဲ့ဒါက တကယ်ထူးခြားဆန်းကြယ်ဖြစ်နေမှာပဲ ..."

သူက အရိုးစု၏ ရင်ဘက်ဧရိယာကို ကြည့်လိုက်ပြီး ရုတ်တရက် နောက်ထပ်မေးခွန်းတစ်ခုကို တွေးမိလိုက်သည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now