《 မင်းဘယ်လိုပုံစံမျိုးလဲဆိုတာ ကိုယ်အခုထိမသိရသေးဘူး ... 》" ယင်းကျားမင် ? "
တစ်ဖက်လူက ခဏကြာတာတောင် ဘာမှမတုံ့ပြန်သေးတာကို တွေ့ရသောအခါ ယဲ့ဟွိုင်ရွေ့ အနည်းငယ်စိတ်လေးသွားပြီး ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားတာမျိုး ဖြစ်မှာကို စိုးရိမ်လိုက်မိသည် ။
" ဘာမှမဟုတ်ပါဘူး... "
ယင်းကျားမင် ခေါင်းခါရမ်း၍ အဆက်အသွယ်ပြတ်တောက်သွားနိုင်သည်ဟူသော နိမိတ်မရှိသည့်ကိစ္စကြီးအား ခေါင်းထဲမှထုတ်ကာ သူ့အသံကို နည်းနည်းပိုတက်ကြွသည့်ပုံပေါက်အောင် ကြိုးစားလိုက်သည်။
" ဒါဆို ကိုယ်ပေးလိုက်တဲ့ သဲမှုန်စရယ် ပြာစက္ကူစရယ်ကနေ မင်းတစ်ခုခုများရှာတွေ့ခဲ့လား..."
ယဲ့ဟွိုင်ရွေ့က "အမ်း " ဟုဆိုကာ ပြန်ဖြေလာ၏ ။
" ကျွန်တော် ရှာတွေ့ခဲ့တယ်... "
" အိုး ? "
ယင်းကျားမင် ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏ ။
" မင်းဘာရှာတွေ့ခဲ့တာလဲ... "
" ပထမဆုံးတစ်ခုက ခင်ဗျားသိုက်ကျွင့်ဖုန်အိမ်မှာ ရှာတွေ့ခဲ့တဲ့ သဲမှုန်စပဲ... "
ယဲ့ဟွိုင်ရွေ့ ခဏစဥ်းစားပြီးမှ ရိုးရိုးအကျဥ်းချုပ်ရှင်းပြဖို့သာ ဆုံးဖြတ်လိုက်သည် ။
" အဲ့ဒီသဲမှုန်စတွေက တကယ်ဖုလုံဆိပ်ကမ်းက ရတာပဲ... "
မှုခင်းဆေးပညာရှင်တစ်ယောက်အတွက်တော့ ဒီလောက်သိရဖို့ဆိုတာက ဘာမှမခက်ပေ ။ ၎င်းက ပုံသဏ္ဍာန် ၊ အရောင်အဆင်း ၊ နမူနာသဲမှုန်စနှစ်ခု၏ဖွဲ့စည်းပုံ နှင့် အနက်ရောင်အမှုန့်ပါဝင်မှုတို့ကြည့်လိုက်ရုံပင် ။
" ကိုယ်သိသားပဲ !! "
ယင်းကျားမင်ဘက်မှ ဘတ်ခနဲရိုက်လိုက်သည့်အသံကို ယဲ့ဟွိုင်ရွေ့ကြားလိုက်ရပြီး ၎င်းက စားပွဲခုံကိုပဲ ရိုက်လိုက်သလား ၊ သူ့ပေါင်သူပဲပြန်ရိုက်လိုက်သလားဆိုတာတော့ မသေချာချေ ။
" သေချာနေပါပြီ ... သိုက်ကျွင့်ဖုန်ကိုယ်တိုင်ကပဲ ဖုလုံဆိပ်ကမ်းကိုသွားခဲ့တာလား ၊ ဓါးပြတွေကပဲ သူ့အိမ်ကိုဝင်သွားတာလား တစ်ခုခုတော့ တစ်ခုခုပဲ ..."
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)