Ch 31 - Old Affairs 04

226 49 0
                                    

● Warning  : " ဤအပိုင်း၌ သွေးထွက်သံယို
ဖြစ်စဥ်များ ပါဝင်ပါသည် "

______

《 မင်းဘာလို့ ငါ့ကိုသေစေချင်ရတာလဲ 》

စာရွက်ပေါ်တွင် ချရေးပေးလိုက်သော ပေဂျာနံပါတ်က အားဟူ၏ ဘဝအတွက် အလှည့်အပြောင်းဖြစ်စေခဲ့သည် ။

" ကျွန်တော့်မှာ ဘာပိုက်ဆံမှ မရှိဘူး ... "

နောက်ဆုံးတော့ အားဟူတစ်ယောက် ထိုင်ခုံဆွဲကာ ဝင်ထိုင်လိုက်သည် ။

အားဟူ အရမ်းဗိုက်ဆာနေသော်လည်း တစ်ခါတည်းမစားလိုက်သေးပေ ။ထိုအစား လန်ချားဆွဲပြီးရလာသော အခကြေးငွေတွေနှင့်အတူ စာရွက်ခေါက်လေးကို သူ့အိတ်ထောင်ထဲတွင် သေချာထည့်လိုက်၏ ။

ထို့နောက်မှသာ အားဟူ စိတ်ထဲပေါ့သွားသည် ။ သူသက်ပျင်းမှုတ်ထုတ်ကာ ထမင်းစားတူကို ကောက်ကိုင်၍ အစားအသောက်များကို သူ့ပါးစပ်ထဲ စပြီးသွတ်သွင်းတော့သည် ။

ယင်းကျားမင်က အားဟူ အငမ်းမရစားသောက်နေတာကို ကြည့်ပြီး ၎င်းက သဘောကျစရာကောင်းသလို သနားစရာလည်းကောင်းသည်ဟု ခံစားမိ၏။

သူက စုတ်ချာသောဘဝတွင် မွေးဖွားလာရပြီး ဆင်းရဲခက်ခဲသောအဖြစ်အပျက်တွေကို တွေ့ကြုံလာရသည် ။ ထို့အပြင် ယင်းကျားမင် ကိုယ်တိုင်လည်း ဆင်းရဲသည့်သူများအတွက် ဘဝက ဘယ်လောက်ခက်ခဲကြမ်းတမ်းလဲဆိုတာကို နားလည်၏ ။

အထူးသဖြင့် သူ့လို ရုပ်ရည်ချို့တဲ့ပြီး ခေါင်းမာကာ ဉာဏ်ရည်နှေးသောကလေးမျိုးအတွက်ဆိုလျှင် ပိုခက်ခဲလိမ့်မည် ။ သူက လူမှုအသိုင်းအဝိုင်း၏ အောက်ဆုံးအဆင့်တွင်ရှိနေပြီး သေလောက်အောင်အနိုင်ကျင့်ခံရလျှင်ပင် ခြေထောက်အောက်ရှိ ပုရွက်ဆိတ်ကလေး တက်နင်းခံလိုက်ရသလိုသာ ရှိလိမ့်မည် ။ မည်သူကမှ သူ့အတွက် တရားမျှတမှုကို ရှာပေးမည်မဟုတ်သလို သူ့မိသားစုကလည်း မည်သည့်နေရာတွင် သူ့အလောင်းကို သွားကောက်ရမလဲဆိုတာတောင် သိလိုက်ရမည်မဟုတ်ပေ ။

" ဟေး ... "

အားဟူ ပါးစပ်၌ ဆီတွေရွှဲနေပြီး နှုတ်ခမ်းထောင့်စွန်း၌လည်း ပေပွနေတာကို သတိတောင်မထားမိမှန်း တွေ့နေရ၏ ။ ယင်းကျားမင်က သူ့လီမွန်တီးထည့်ထားသော ပလတ်စတစ်ခွက်ကို တူဖြင့် အသာခေါက်လိုက်၏ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now