<Dungeon + ရေရဟတ်>
စွမ်းရည်အသုံးပြုပြီးဒုတိယမြောက်နေ့မှာ Peaceရဲ့ထရိန်နင်ကလည်း ချောချောမွေ့မွေ့ပြီးဆုံးသွားပါတယ်။
"Grade 2 ယူနီကွန်းမျိုးနွယ် အရွယ်မရောက်သေးတဲ့ မီးလျှံဦးချိုခြင်္သေ့။ လက်ရှိအချိန် 'မှော်ဝင်သားရဲပျိုးထောင်ခြင်း'စွမ်းရည်အသုံးပြုထားတဲ့ဒုတိယမြောက်နေ့ ညနေ 4နာရီ 39မိနစ်။ မူလခန္ဓာကိုယ်အရှည် 41cm, ကိုယ်အလေးချိန် 2.8kg ရှိရာကနေ ခန္ဓာကိုယ်အရှည် 51cm, အလေးချိန် 5.6kgအထိ ကြီးထွားလာပါပြီ"
လက်ကိုင်ကင်မရာကို ပိတ်လိုက်ပြီးတော့ ခေါင်းမော့ရင်ကော့ပုံစံနဲ့ထိုင်နေတဲ့ Peaceကို ကျွန်တော်ကြည့်လိုက်တယ်။
ကြောင်သေးသေးလေးအရွယ်အစားပဲရှိတဲ့ ဒီအကောင်လေးက တစ်ရက်အတွင်းမှာ မြန်မြန်ကြီးထွားလာလိုက်တာ။ ဒီလိုပုံစံအတိုင်းသာဆက်သွားရင် ကြောင်ကြီးတစ်ကောင်အရွယ်အစားကနေ ခွေးအကြီးကြီးတစ်ကောင်အရွယ်အစားလောက်ထိ
ဖြစ်သွားလောက်မယ်ထင်တယ်။'Peaceနေဖို့အတွက် တခြားနေရာရှာပေးရတော့မယ်'
ဒီတစ်လတော့ အိမ်ကိုပဲခေါ်သွားလို့ရပေမဲ့ နောက်လကစပြီး သူ့ကိုအိမ်မှာနေခိုင်းလို့မရတော့ဘူး။ အနည်းဆုံးတော့ သူက ကျားတစ်ကောင်အရွယ်အစားလောက်ကြီးလာလောက်မှာ။ အခုကတည်းက ကျွန်တော်ဝမ်းနည်းသလို ခံစားနေရပြီ။
'ပြီးတော့ သူရုတ်တရက်ကြီးလာတာကို ဘယ်သူ့ကိုမှမြင်ခိုင်းလို့မရဘူးဆိုတော့ အသွားအလာကိုလဲ သိုသိုသိပ်သိပ်သိပ်လုပ်ရတော့မယ်'
လှောင်အိမ်တစ်ခုလောက်ငှားပြီး အဝတ်နဲ့အုပ်သွားရမယ်။ အဲ့လိုပုံစံနဲ့ သွားလိုက်ပြန်လိုက်လုပ်ရမှာ စိတ်ရှုပ်စရာကြီး။ အဲ့တော့ ကျန်တဲ့နှစ်ရက်ကို ဒီမှာပဲနေလိုက်ကြတာပေါ့။ စာတွေ့သင်တန်းကတော့ အင်း ငါ့အတွက်ကသင်စရာကျန်သေးလို့လား?
ဒီနှစ်ရက်ကိုတော့ လေ့ကျင့်ရေးလုပ်ရင်း အနားယူဖို့ ယူမြောင်ဝူးကို ကျွန်တော်မှာထားခဲ့တယ်။ ယယ်ရင်မ်ကလည်း အတန်းပြီးတာနဲ့ Dungeonထဲတန်းဝင်ရမှာလို့ ပြောထားတာဆိုတော့ သူမအတွက်လဲ စိတ်ပူစရာမလိုတော့ဘူး။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........