Part (29) Zawgyi

12 0 0
                                    

နှိုင်းသည် တိတ်ဆိတ်နေခြင်းဖြင့်သာ စောင့်ဆိုင်းနေမိသည်။ ဧည့်ခန်းအတွင်းတွင် ချိတ်ထားသော ဓာတ်ပုံများအား ကြည့်ကာ နှိုင်းတစ်ယောက် အားကျနေမိသည်။ သူမလို မိသားစုနွေးထွေးမှု မရှိသူတစ်ယောက်အတွက် ပျော်ရွှင်စရာကောင်းသည့်မိသားစုသည် အားကျစဖွယ်ဖြစ်နေသည်မှာ အထူးအဆန်းမဟုတ်ချေ။ သူမတွင် မိသားစုဓာတ်ပုံဟူ၍ တစ်ပုံမှပင် မရှိခဲ့ဖူးပါ။ အမှတ်တရ သိမ်းထားစရာ ဓာတ်ပုံ မရှိ ၊ မှတ်ဉာဏ်မရှိခဲ့ပါ။

ထို့ကြောင့် နှိုင်းသည် သူမမိသားစုများအား မမှတ်မိတော့ပါချေ။ မှုန်ရီဝေဝါးလှသော မှတ်ဉာဏ်အသေးစားလေးများသာ ကျန်ရစ်သည်။ မတွေ့တာ ကြာလှပြီဖြစ်၍ သူမ မမှတ်မိခြင်းမှာ အပြစ်တော့မဟုတ်။ သူမအား မည်သူမှ မှတ်မိမည်မဟုတ်သလို သူမလည်း မည်သူ့ကိုမှ မမှတ်မိ။ ထို့ထက်ပိုဆိုးသည်က နှိုင်းရှိနေသည်ကိုပင် သူမ၏ မိဘများသည် အမှတ်ရတော့မည်မဟုတ်။

"သမီး နှိုင်း ပျင်းနေပြီလား"

"မပျင်းပါဘူး အန်တီ"

"ကဗျာလေးက ရေချိုးနေတယ် ခနစောင့်နော်"

"ရပါတယ် အန်တီ"

"သမီးနှိုင်းအကြောင်းအန်တီကြားဖူးပေမဲ့ လူကိုတော့ အခုမှဘဲတွေ့ဖူးတော့တယ်"

"နှိုင်းက လူကြားထဲ ထွက်ရတာ သိပ်မကြိုက်လို့ပါ"

"သမီးနှိုင်းက ငယ်ငယ်လေးနဲ့ company တစ်ခုကို အုပ်ချုပ်နိုင်တာ သိပ်ထူးချွန်တာဘဲ"

"နှိုင်းမှာ သင်ယူစရာတွေအများကြီး ရှိပါသေးတယ်"

"နှိုင်းရဲ့ မိဘတွေရော"

"နှိုင်းမှာ မိဘတွေမရှိဘူး နှိုင်းငယ်ငယ်ကတည်းက စွန့်ပစ်သွားကြပြီ"

"အော် သမီးရယ် အန်တီစိတ်မကောင်းပါဘူး"

"ရပါတယ် အန်တီ ဘာမဖြစ်ပါဘူး နှိုင်းနေသားကျနေပါပြီ"

"နှိုင်းလေးကလေ သိပ်ထူးချွန်တဲ့ မိန်းကလေးဘဲ သာမာန်မိန်းကလေးတွေ ထက်ကို ပိုထူးချွန်တယ် လူတော်တော်များများ မလုပ်နိုင်တာတွေကို နှိုင်းက ဖြစ်အောင်လုပ်နိုင်တယ် နှိုင်းသာ အန်တီ့သမီးလေးဆို အန်တီသိပ်ဝမ်းသာမှာ သိလား"

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now