Part (30) Unicode

82 9 2
                                    


"ကဗျာပြောတာ နားထောင် နှိုင်း ကဗျာစိတ်ဆိုးလို့ အော်လိုက်တာမဟုတ်ဘူး နှိုင်းပြောတာကို မာမီကြားသွားမှာစိုးလို့ အော်လိုက်တာ"

"ဒါဆို ကဗျာက နှိုင်းကို စိတ်မဆိုးဘူးပေါ့"

"စိတ်မဆိုးပါဘူး"

"ကဗျာ စိတ်ဆိုးတယ်လို့ နှိုင်းကို ဘယ်တုန်းကပြောလို့လဲ"

"မသိဘူးလေ ကဗျာက အော်လိုက်တော့ နှိုင်းထင်တာ ကဗျာစ်ိတ်ဆိုးလို့ အော်တယ်လို့"

"နှိုင်းရယ် ဘာလို့အဲ့လောက် အ ရတာလဲ"

"နှိုင်းက ကဗျာစိတ်ဆိုးမှာကြောက်ရုံပါ"

"နှိုင်းကတော့လေ...."

လေထုသည် တိတ်ဆိတ်သွား၏။ ကဗျာသည် နှိုင်းအားကြည့်ကာ ဘာဆက်ပြောရမှန်းမသိ၍ ငြိမ်နေခြင်းပင်။ အမှန်ဆိုရလျှင် သူမ နှိုင်းအား သနားသွားမိသည်။ နှိုင်း၏ အတိတ်သည် မည်မျှ ဆိုးသွမ်းခဲ့သည်အား ကဗျာ တွေးမိလာသည်။ တစ်စုံတစ်ယောက်စိတ်ဆိုးမည်အား နှိုင်း အဘယ်ကြောင့် ဤမျှလောက် ကြောက်နေရပါသနည်း။ ကဗျာသည် အတွေးထဲတွင်သာ ရှိနေကာ နှိုင်းအား မကြည့်မိဘဲ ခြံထဲသို့ငေးစိုက်နေမိသည်။

နှိုင်းသည် ကဗျာ၏ အမူအရာအား စက္ကန့်မလပ် သေချာကြည့်နေသည်။ ငေးကြည့်မိလေ တွယ်ငြိမိလေဖြစ်နေရသော နှိုင်းစိတ်များသည် ကဗျာ့ထံမှ ရုန်းထွက်ချင်ပုံမပေါ်။ နှိုင်းသာ် ချစ်ခြင်းဋီကာ များအား ဖွဲ့နွှဲ့တတ်သူမဟုတ်။ စိတ်ထဲရှိသည့်အတိုင်းသာ ပြောဆိုတတ်သည်။

ချစ်ခြင်းအား ခံစားရမှန်း မသိလေသောသူမသည် ကဗျာ့အပေါ်တွင်တော့ မေတ္တာစစ်မှန်သည်။ တဇွတ်ထိုးဆန်တတ်သော အတ္တများသည်တော့ နှိုင်းထံတွင် အစဉ်ထာဝရ ကိန်းအောင်းနေမြဲ။ ချစ်လျှင် ပိုင်ဆိုင်ရမည် ဟူသော ဆောင်ပုဒ်အား လက်ကိုင်ထားသည့်သူမသည် ကဗျာ့အား ဘယ်သောအခါမှ လက်လွတ်မည်မဟုတ်။

ဆံချည်တစ်မျှင်ဖြစ်စေ၊ ကောက်ရိုးတစ်ပင်ဖြစ်စေ ကဗျာနှင့် နီးစပ်နိုင်သည့် အခွင့်အရေး မှန်သမျှ မြဲမြံစွာ ဆုတ်ကိုင်ထားဦးမည်။

"ကဗျာ..."

"အင်းပြောလေ"

"တိတ်သွားလို့ ဘာတွေစဉ်းစားနေတာလဲ"

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now