ပန်းချီနှင့် ကဗျာသည် သိသိသာသာ အဆက်အသွယ် လျော့နေသည်။ သို့သည့်တိုင် ရင်ထဲမှ အချစ်သည်တော့ လျော့နည်းခြင်းမရှိ။ ကဗျာနှင့်အဆက်အသွယ်မလုပ်ဖြစ်သည့်တိုင် ပန်းချီသည် ကဗျာ့အပေါ် အပြည့်အဝယုံကြည်ပါသည်။ မည်သို့သောအကြောင်းပြချင်နှင့်မှ ကဗျာနှင့် ဝေးရမည်ဟုမထင်။ မရဏမင်း၏ ခွဲခွါမှုသာလျှင် ကွဲကွာစေလိမ့်မည်။ဤသို့ဖြင့် နေလာခဲ့သည်မှာ ရက်သတ္တပတ်ပင် ကျော်ခဲ့လေပြီ။ ကဗျာသည် ပန်းချီအလုပ်မအားသည့်အပေါ် စိတ်ငြိုငြင်ခြင်းမရှိခဲ့ပါ။ သို့သော် သူမသည် မထင်မှတ်ဘဲ နှိုင်းနှင့်ပို၍ ဆက်သွယ်ဖြစ်နေသည်။ နှိုင်းသည် အချိန်ပြည့် ကဗျာ့အနားတွင် ရှိနေသည်။
အတူရှိသည့်အချိန်တိုင်းတွင် ကဗျာပျော်အောင် ကဗျာ့စိတ်တိုင်းကျပြုမူစေသည်။ တခါတရံ သူမ၏ ခံစားချက်တို့အား မသိမသာ ဖွင့်ဟပြတတ်သေးသည်။ ကဗျာနှင့်အနေနီးကပ်လာသည်နှင့်အမျှ ရင်ခုန်သံတို့သည်လည်း ပိုမိုတိုးတက်လာသည်။
အသေးစိတ်ဂရုစိုက်တတ်သော နှိုင်း၏ အပြုအမူတိုင်းသည် ကဗျာ၏ မသိစိတ်တွင် စိတ်ကျေနပ်မှုများ တစ်ခါတစ်ရံပေါ်လာတတ်သည်။ နှိုင်းအား ချစ်မိမည်မဟုတ်သည်မှာ သေချာသော်လည်း နှိုင်း၏ အပြုအမူအောက်တွင် အနည်းငယ် သာယာမိသည်အား ဝန်ခံရမည်။
"နှိုင်း"
အလုပ်ပိတ်ရက်ဖြစ်သော်လည်း နှိုင်းသည် laptop ရှေ့တွင် အလုပ်ရှုပ်နေသည်။ ကဗျာနှင့် နီးကပ်လာပြီမှန်သော်လည်း သူမ၏ မူလရည်ရွယ်ချက်ဖြစ်သော ပန်းချီအား ဖြုတ်ချရန် ကြိုးစားအားထုတ်နေသည်။ ထိုစဉ် ဖုန်းထဲသို့ ဝင်လာသော message သံကြောင့် နှိုင်း နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ နှိုင်းထံသို့ စာပို့သူမှာ မည်သူရှိမည်နည်း။ ကဗျာမှ လွဲ၍ မဖြစ်နိုင်။
"ရှင့် ကဗျာ"
နှိုင်းသည် ယဉ်ကျေးသိမ်မွေ့သူမဟုတ်သည့်တိုင် ကဗျာနှင့် ဆက်ဆံရာတွင်တော့ သိမ်မွေ့လွန်းသည်။ ယုယလွန်းတတ်သည်။
"နှိုင်းအားလားဟင် အလုပ်ရှုပ်နေလား"
"အားပါတယ်ကဗျာ"

ŞİMDİ OKUDUĞUN
ပြိုကျလျက်ရှိသော မိုးရိပ်
Romantizmလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)