Part (31) Unicode

65 9 0
                                    

တဖက်တွင်လည်း ပန်းချီသည် လုပ်ငန်းတိုးချဲ့မှုများဖြင့် အလုပ်ရှုပ်နေ၍ ကဗျာ့အား အချိန်မပေးနိုင်ဖြစ်နေသည်။ ပန်းချီနှင့် ကဗျာသည် တွေ့ဆုံချိန်နည်းလာရသည်။ ဤသည်မှာ နှိုင်းအတွက် အခွင့်အရေးတစ်ရပ်ပင် ဖြစ်လာချေတော့သည်။ နှိုင်းသည် ပါးနပ်လွန်းသည့်သူတစ်ဦး ဖြစ်သည့်အလျောက် ထိုအခွင့်အရေးအား အဆုံးရှုံးမခံပါ။

ပန်းချီ ကဗျာ့အနားတွင် မရှိသည့် ထိုအချိန်များအတွင်း နှိုင်းသည် ကဗျာနှင့် အမြဲလိုလိုပင် အတူရှိနေသည်။ အကြောင်းပြချက်မျိုးစုံရှာဖွေကာ ကဗျာနှင့် နီးစပ်ဖို့အရေး အစွမ်းကုန်အားထုတ်နေပါသည်။

"ကဗျာ့ဆီက နှိုင်း မေးစရာရှိလို့ လာတွေ့လို့ရမလား"

"မြသွေးတို့ ကိစ္စလား"

"ဟုတ်တယ် ကဗျာ နှိုင်းကိုကူပါဦးနော်"

"ဟုတ်ပြီ ဒါဆို ကဗျာရှိတဲ့နေရာပို့လိုက်မယ် နှိုင်းလာခဲ့နော်"

နှိုင်းသည် ကဗျာ မြသွေးတို့အားကူညီနေသည့် ကိစ္စအား အကျိုးရှိစွာ အသုံရချရန်လည်းမမေ့။

"ကဗျာ့မေမေ လက်ရာကို သတိရလို့ လာလည်လို့ရမလား"

"ရတယ်လေ ကဗျာလည်း မာမီအိမ် ပြန်နေတာ ကဗျာဝင်ခေါ်လိုက်မယ်"

"ဟုတ်ကဗျာ နှိုင်းအဆင်သင့်စောင့်နေမယ်"

ကဗျာ့မေမေနှင့် ရင်းနှီးစေရန်မှာလည်း သူမ၏ ရည်ရွယ်ချက်တစ်ခုပင်။

"ကဗျာပျင်းနေလား နှိုင်းအဖော်လာလုပ်ပေးမယ်လေ နှိုင်းလည်းပျင်းနေလို့"

"ကဗျာလည်း နည်းနည်းတော့ပျင်းတယ်"

"ဒါဆို ရုပ်ရှင်သွားကြည့်ကြမယ်လေ"

"ကောင်းသားဘဲ"

ကဗျာတစ်ယောက်တည်း ပျင်းနေတတ်သည်အား သိနေ
သော နှိုင်းအတွက် အခွင့်အရေးရှာရသည်မှာ မခက်ပါချေ။

"နှိုင်း ဟင်းချက်သင်ထားတာ ကဗျာမြည်းကြည့်မလား လာပို့ပေးမယ်လေ"

"မာမီဆီက သင်ထားတာလား"

"ဟုတ်တယ် ဒါပေမဲ့ အန်တီချက်သလိုတော့ စားမကောင်းလောက်ဘူး"

ပြိုကျလျက်ရှိသော မိုးရိပ်Donde viven las historias. Descúbrelo ahora