နှိုင်းသည် သူမ၏ ရှေ့ဆက်လုပ်ဆောင်ချင်သည့် ကိစ္စရပ်အားဘေးသို့ဖယ်ထားလိုက်သည်။ သူမ၏ အချစ်ရေးထက် သူမ၏ကျေးဇူးရှင်များက ယခုအချိန်တွင် ပိုအရေးကြီးနေသည်။ နှိုင်းသည် မြသွေးတို့နှင့်အတူ လုပ်ငန်းအား ပြန်လည်တည်ဆောက်နိုင်ရန် ပိုကြိုးစားရတော့သည်။ တဖက်တွင်လည်း သစ္စာဖောက် သူလျှိုအား တိတ်တဆိတ်စုံစမ်းစစ်ဆေးနေခဲ့သည်။
နှိုင်းသည် အလုပ်များနှင့်မအားမလပ်သည့်တိုင် ကဗျာ့အား ပိုးပန်းဖို့လည်း မမေ့ပါချေ။ နှိုင်းအားလပ်သည့်အချိန်ခနတွင် ကဗျာ့အား စာတိုလေးများ ပို့တတ်သည်။ ချစ်သူရည်းစားချင်း အထင်လွဲနိုင်သည့် စာများ မဟုတ်သော်ငြား အမြဲလိုလိုပင် ကဗျာ့ထံစာပို့လေ့ရှိသည်။
ကဗျာသည် မြသွေးတို့၏ အကြောင်းများအား သိလိုသော်လည်း တိုက်ရိုက်မေးရန် အားနာနေပုံပေါ်သည်။ စီးပွါးရေးလုပ်နေသူအချင်းချင်းဖြစ်သော်လည်း ပြိုင်ဖက်များတော့မဟုတ်ချေ။ စိတ်မကောင်း၍သာ ကဗျာသည် အနည်းငယ် ကူညီချင်သည့်ဟန်။
သို့သော် ကဗျာ တိုက်ရိုက်ကူညီခြင်းသည် မြသွေးတို့အား မလေးစားသလိုဖြစ်မည်လည်းစိုးနေသည်။ စောင့်ကြည့်နေကြသော လုပ်ငန်းရှင်များလည်းရှိနေ၍ နှိုင်းမှ တစ်ဆင့် ကူညီပေးနေသည်။ ထို့ကြောင့် နှိုင်းသည် ကဗျာနှင့် စကားပြောရန် အခွင့်အရေးရခဲ့ပါသည်။
"နှိုင်း မြသွေးတို့ အခြေနေဘယ်လိုရှိလဲ"
"တဖြည်းဖြည်းနဲ့တော့ ပြန်တည်ဆောက်နေတယ် ကဗျာ အဆင်တော့ပြေလာပါပြီ"
"တော်သေးတာပေါ့ ကဗျာကစိတ်ပူနေတာ"
"ကဗျာ အကူအညီကြောင့် နှိုင်းလည်း မြသွေးတို့ကို ထိထိရောက်ရောက် ကူညီနေနိုင်တာ"
"မဟုတ်တာ ကဗျာကသာ နှိုင်းကြောင့် မြသွေးတို့ကို ကူညီလို့ရတာ"
"ဒါနဲ့ ပန်းချီရော နေကောင်းလား လုပ်ငန်းတွေ အဆင်ပြေလား"
"ပြေပါတယ် ပန်းချီက အခုလုပ်ငန်းအသစ်တွေ တိုးချဲ့နေလို့ ကဗျာ့ကိုတောင် လာမတွေ့ဘူး"
"ဟုတ်လား အဲ့တာဆို ကဗျာတစ်ယောက်ထဲဖြစ်နေတာပေါ့"
"ဟုတ်တယ် ကဗျာ့မှာ ပျင်းနေတာ"

YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Romanceလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)