" ဟင့် .. Xing ah .. အီးးး ... "
Yixing .. ဆိုဖာပေါ်မှာ ငုတ်တုတ်အိပ်ပျော်နေတုန်း.. နားထဲ ဝေေ၀ဝါးဝါး ကြားလိုက်တဲ့ .. Jun ငိုသံကြောင့် .. ဆတ်ခနဲ .. လန့်နိုးသွားပြီး.. မျက်လုံးကို ဖွင့်ကြည့်မိတော့ ..
အိပ်ယာပေါ်တွင် .. ကွေးကွေးလေး လှဲအိပ်နေရင်း .. တအင့်အင့် ရှိုက်နေသော .. Jun ..
" Jun .. ဘာဖြစ်တာလဲ ..
နေမကောင်းလို့လား .. တစ်နေရာရာက နာလို့လား .. "" Xing ah!!!!!!! အီးးးးးးးးးးးးးးး "
Xing သုတ်သုတ်ပျာပျာ ဖြစ်သွားရင်း .. jun နားလေးကို အပြေးသွားတော့ .. jun က Xing ကို မြင်မှ .. ပိုလို့တောင် အော်ငိုတော့လေသည် ..
" နာနေတာလား.. တစ်နေရာရာက..
ဒါမှမဟုတ်.. ခေါင်းကိုက်လို့လား.. jun ..
ပြောပါဦး.. ဟင်.. "အိပ်နေတဲ့ ကိုယ်သေးသေးလေးကို အတင်းဆွဲထူရင်း.. xing အသာမေးတော့.. jun အငိုရပ်သွားပေမဲ့.. နီရဲနေတဲ့ မျက်နှာလေးက မဲ့နေတုန်း..
" Jun အိမ်မက်ဆိုးမက်လို့လား..
ဟုတ်လား.. jun ကြောက်လို့ အော်ငိုတာလား..
ဟုတ်လား.."နီရဲနေတဲ့ ယုန်ပိစိလေးရဲ့ မျက်နှာပေါ်က မျက်ရည်တွေက သူအသာ ပင့်သုတ်ပေးလိုက်ရင်း .. ကလေးချော့သလို မေးမှ.. jun က ခေါင်းလေးတရစပ် ငြိမ့်ပြရှာသည်..
" Ar.. jun က ဂန်းစတားလေးဆို..
ဂန်းစတားက .. မကြောက်ရဘူးလေ..
အိမ်မက်က အပြင်မှာ ဖြစ်တာမှ.. မဟုတ်ပဲ.. "အိပ်ထားတာမို့ စုတ်ဖွာနေတဲ့ ဆံနွယ်လေးတွေကို သူအသာဖွရင်း .. ခပ်တိုးတိုးပြောတော့ .. ဂျစ်တိုက်ချင်နေပုံရသော.. jun မျက်နှာလေးက အလိုလိုမဲ့သွားရင်း.. အိခနဲ .. မျက်ရည်တွေဝိုင်းတက်လာပြန်ရော..
" ဟာာ.. jun.. မငိုနဲ့တော့..
မငိုနဲ့တော့.. မနက်ကျရင်.. ခေါင်းတွေကိုက်နေလိမ့်မယ်.. "
YOU ARE READING
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...