" အပိုင်း ၁၄ "

7.2K 780 64
                                    

" ဟာာ .. Xing ကြီးကကွာာာာ !
Jun စိတ်​တိုလာပြီ​နော်​ .. "

လေလှိုင်းထဲက​နေ.. တိုးဝင်​လာတဲ့ စူ​အောင့်​​အောင့်​ အသံ​လေး​ကြောင့်​ .. xing လမ်းတစ်​ဖက်​မှာရပ်​​နေတဲ့ .. Jun ကို လှမ်းကြည့်​​တော့ .. ​ကျောပိုးအိတ်​​လေး လွယ်​ထားတဲ့ ​ကျောင်းဝတ်​စုံ​လေးနဲ့ Jun က
သူ့ကို မြင်​ပုံမရ ..

လမ်းမထက်​က လူ​တွေကို ဟိုကြည့်​ သည်​ကြည့်​ လုပ်​ကာ.. ​​နှုတ်​ခမ်း​လေးကို မ​ကျေမနပ်​ဖိကိုက်​ထားရင်း.. မျက်​​မှောင်​​လေးက .. ချိုးထား​လေရဲ့ ..

" ​ရေခဲမုန့်​ စားချင်​တယ်​လို့ ​ပြော​နေတဲ့ဟာကို!
အဲ့အတန်းချိန်​ကြီး ဖျက်​ပြီးထွက်​လာ​တော့ ဘာဖြစ်​မှာမို့လို့တုန်း! "

ဟော.. ​ဟော..
ပြော​ပြောဆိုဆို.. မ​ကျေမချမ်းမျက်​နှာ​လေးနဲ့ .. နှုတ်​ခမ်း​လေးစူလာရင်း..
ခြေ​ဆောင့်​လာပြီ.. ပြီးရင်​​တော့..
"Xing ကို ချစ်​တယ်​​လေ.. သိလား "ဆိုပြီး.. သူလိုချင်​တာကို.. မရ ရ​အောင်​ ချွဲ​နေဦးမှာ..

" Xing လို့ ! ချစ်​တယ်​​လေလို့!
နော်​ .. ​နော်​ .. Kim Jun ​လေးက ..
Xing ကို ​ကောင်းကင်​ကြီး​လောက်​ အများကြီး အများကြီး.. ချစ်​တယ်​​လေ​နော့ လို့ !"

ထင်​ထားတဲ့အတိုင်း .. အိစိအိစိ​လေး ထပ်​ထွက်​လာတဲ့ အသံ​သေး​သေး​လေးကို..
နား​ထောင်​​နေရင်း .. Xing အသည်းယားစွာ ပြုံးမိ​တော့.. ပါးချိုင့်​​လေးက ထင်းခနဲ..

" ဟာာ.. xing !! ပြန်​လည်းမ​ဖြေဘူး!
သေသွားပြီလား!! Xing လို့ ! "

ဟုတ်​တယ်​.. ​ကောင်​စုတ်​​လေးရယ်​..
မင်း​​လေး​ကြောင့်​ .. ဒီကလူက အရှင်​လတ်​လတ်​ အသက်​ထွက်​သွားရပြီ.. သိလား..

" ထပ်​​ပြော.. "

" အင်​.. အင်​ .."

" ချစ်​တယ်​ လို့ ထပ်​​ပြောကြည့်​ ..
ရေခဲမုန့်​ ၀ယ်​​ကျွေးဖို့ စဉ်းစားကြည့်​​ပေးမယ်​.. "

" ချစ်​တယ်​.. များကြီးများကြီးလည်း ချစ်​တယ်​..
ပိစိ ​သေး​သေး​လေး​လည်း ချစ်​တယ်​..
ရေခဲမုန့်​ကြီး​လောက်​ကို ချစ်​တယ်​ .. သိလား.. "

" My Baby Gangster "Hikayelerin yaşadığı yer. Şimdi keşfedin