" jun ရော.. "
ဒီနေ့လေးက... ယုန်ပေါက်စရဲ့ ကျောင်းပိတ်ရက်လေးမို့.. ရှိသမျှ အလုပ်တွေကို.. sehun နဲ့ chanyeol လက်ထဲထိုးထည့်ခဲ့ပြီး.. ရုံးကနေ.. အမြန်ပြန်လာမိပါတယ်.. ကျေးဇူးရှင်လေးက အရိပ်အရောင်တောင်မတွေ့.. ။
" မနက်စာ စားပြီးကတည်းက.. ဆင်းမလာသေးပါဘူး ...သခင်လေး.. "
အိမ်အကူကောင်မလေးရဲ့ စကားကြောင့်.. သိလိုက်ရတာက. ဒီကလေး ကောက်ရင်ကောက်.. မကောက်ရင် တစ်နေနေရာရာမှာ ငြိမ်ကုတ်ပြီး.. ပြသနာရှာနေပြီဆိုတာပါပဲ..
" ယုန်ပိစိ.. "
necktie တောင် မဖြည်နိုင်.. လှေကားပေါ်ကို ... အမြန်ပြေးတတ်မိရင်.. jun ရှိရာ အခန်းတံခါးကို ဆွဲဖွင့်မိတော့.. မွှန်ထူနေတဲ့ အမွှေးနံ့တွေက .. ထောင်းခနဲ..
" ဟာ.. junnnie .. "ပေါင်ဒါမှုန့်ဖြူဖြူတွေ.. ပြန့်ကျဲနေတဲ့ .. မှန်တင်ခုံဘေးက.. ကြမ်းပြင်ပေါ်မှာ.. ဖြစ်သလို ထိုင်နေတဲ့ ယုန်ပေါက်က .. yixing ၀င်လာတာမှ မော့မကြည့်နိုင်.. ခေါင်းအသေအကြေငုံ့ထားရင်း.. suncream ဘူးကို ခြေစုံကန်ဖွင့်နေရှာတာ..
" ကဲ.. junmyeon လေး..
ရစရာမရှိအောင် ဆိုးထားပြန်ပြီကြည့်စမ်း.. "necktie ကို.. အသာဖြေလျော့.. အပေါ်ဝတ် ကုတ်ပါ ကုတင်ပေါ် ပစ်တင်လိုက်ရင်း.. ရှပ်အကျီင်္အဖြူကို.. တံတောင်ဆစ်နားထိ...လက်ခေါက်ကာ.. အနည်းငယ် မာန်မှ.. ဟိုကလေးက.. သူ့ကို အဖက်လုပ်မော့ကြည့်ရှာတယ်..
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လာတဲ့ မျက်နှာလေးကို.. ဆူမယ်လို့ စိတ်ဆုံးဖြတ်ပြီး.. ရင်ဆိုင်ပြန်ကြည့်မိလေတော့..နှာသီးထိပ်ဖျားလေးတွေထိ...ပေပွနေတဲ့ ပေါင်ဒါမှုန်ဖြူဖြူလေးတွေက.. ဟိုတစ်စ.. သည်တစ်စနဲ့ .. yixing မုတ်ဆိတ်ရိပ်တဲ့ shaving cream တွေနဲ့ မေးစိအဖျားလေးကို.. စနစ်တကျ သုတ်ထားသေးတာ...
KAMU SEDANG MEMBACA
" My Baby Gangster "
Fiksi Penggemarဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...