အပို​င်း - ၂

12.6K 1K 27
                                    

" Hyung .. "

အိမ်​ထဲကို ယိုင်​တိုင်​တိုင်​နဲ့ ၀င်​လာတဲ့ Sehun အသံ​ကြောင့်​.. Yixing ​ဆိုဖာ​ပေါ် မှေး​နေရာက​နေ ဆတ်​ခနဲ..

ခြေလှမ်းသိပ်​မဟန်​တဲ့ Sehun ပုံစံ​ကြောင့်​ ​xing စိတ်​ထဲ အနည်းငယ်​ မသိုးမသန့်​ချင်​..

" ကျွန်​​တော်​ ပြန်​ရခဲ့ပြီ.. "

လက်​ထဲကို လာထိုးထည့်​​ပေးတဲ့ Memory Stick ​ချောင်းကို xing အူ​ကြောင်​​ကြောင်​ ငုံ့ကြည့်​​တော့.. sehun က အသာရယ်​ပြသည်​.

အခန်းမီးမဖွင့်​ထားတဲ့ ကြားက​နေ.. Sehun မျက်​လုံးဟာ.. တကယ့်​ကို အူအူမြူးမြူး အ​ရောင်​​တောက်​​နေသလို.. သို့​ပေမဲ့ .. ဘယ်​​နေရာကများ.. စိတ်​မရှင်းစရာ ​ကောင်း​နေသည်​မသိ..

" hunnie .. မင်း ထိသွား​သေးတာလား.."

" အင်း .. နည်းနည်း.. "

ပြောရင်းဆိုရင်း.. ပိုယိုင်​ထိုးလာတဲ့ .. sehun ခန္ဓာကိုယ်​ကို Yixing လှမ်းဖမ်းလိုက်​​တော့.. ၀မ်းဗိုက်​တစ်​ဖက်​တစ်​ချက်​က ​သွေးထွက်​​နေပုံရတဲ့ .. sehun က ခပ်​တိုးတိုးငြီးငြူသည်​..

" Park Chan! Park Chan ! "

အသံကို ထိန်းပြီး ခပ်​အုပ်​အုပ်​​အော်​လိုက်​​တော့.. အိပ်​ခန်းထဲက Chanyeol လည်း အိပ်​မှုန်​စုန်​မွှား နဲ့ ထလာ​ပေမဲ့ .. Xing လက်​ထဲမှာ.. ​ပျော့​ခွေ​နေတဲ့ sehun ကို မြင်​​တော့ မျက်​လုံးပြူးသွား​လေသည်​..

" ဘာဖြစ်​.. "

" ဒီက​လေးကို .. ​ဆေးထည့်​​ပေးပြီး.. အိပ်​ယာ​ထဲ​ခေါ်သွားလိုက်​.. ငါ ဂိုဏ်းချုပ်​ကြီးနဲ့ သွား​တွေ့လိုက်​ဦးမယ်​.. "

" အင်း.. အင်း .. "

ဖျော့​တော့​နေတဲ့ sehun ပုံစံကို ကြည့်​ပြီး. Yixing အသာ သက်​ပြင်းချလိုက်​​ကာ.. လက်​ထဲက stick ကို ကျစ်​ကျစ်​ပါ​အောင်​ ဆုတ်​ကိုင်​မိလိုက်​သလို..

" Hyung လည်း .. သတိထားဦး.. "

" အင်းပါ .. "

" My Baby Gangster "Opowieści tętniące życiem. Odkryj je teraz