" အပိုင်း ၁၆ "

7.3K 819 158
                                    

" ​ပြောပါဦး.. ဘာလို့ တစ်​​ယောက်​တည်း ဖြစ်​​နေတယ်​ ဆိုတဲ့ကိစ္စ.. "

Xing .. jun ခန္ဓာကိုယ်​​လေးကို.. ​ကျောပိုးကာ.. လမ်း​လျှောက်​​နေရင်း.. ခပ်​တိုးတိုး​လေး​မေး​တော့.. ​ကျော​ပေါ်မှာ လှုပ်​စိလှုပ်​စိ လုပ်​​နေတဲ့ အ​ကောင်​​လေးက.. ဆတ်​ခနဲ ငြိမ်​သွားသည်​...

" ဆူမှာလား.. "

လည်​ပင်းအနားစပ်​ကို.. နှုတ်​ခမ်းပါး​လေးနဲ့ ထိကာ ထိကာ.. စကား​ပြော​နေ​သော.. ​ကောင်​​လေး..
သူ​တော့ မသိ​ပေမဲ့.. xing ​တော့ အသည်းယားလှပါတယ်​..

" မဆူဘူး.. ​ပြော.. "

ကျော​ပေါ်က​နေ .. အနည်းငယ်​​လျှောကျ​နေ​သော.. ​ကောင်​​လေးကို.. ဆတ်​ခနဲ ပြန်​​မြှောက်​တင်​ရင်း ​ဖြေ​တော့.. ယုန်​ပိစိက လန့်​သွားဟန်​ .. Omma လို့ တစ်​ချက်​​အော်​ပြီး.. Xing လည်​ပင်းကို အတင်းဆွဲထားပြန်​သတဲ့ ..

ကြည့်​ရတာ.. သူ့ကို လွှတ်​ချလိုက်မှာ စိုးလို့ ထင်​ပါရဲ့..

" hunnie နဲ့ အတူတူ.. ​တော့ပူကီသွားစားမလို့ပါ..
လမ်းမှာ.. jun က ဟိုကြည့်​ သည်​ကြည့်​နဲ့ .. ​လျှောက်​သွားရင်း.. hunnie ကို ​​ပျောက်​သွားတာ.. ဟီး..
အိမ်​ကို မပြန်​တက်​လို့ အဲ့မှာ ထိုင်​​နေတာ.. "

Jun ဆီက .. ​သေး​သေး​လေးထွက်​လာတဲ့ အ​ဖြေစကား​ကြောင့်​ .. xing စိတ်​ပူသွားတာ​တော့အမှန်​..
နောက်​တစ်​ခါ.. သည်​လို​လျှောက်​သွားရင်း.. hwa တို့နဲ့ ​တွေ့သွားရင်​ ဒုက္ခ..

" ဆိုးလိုက်​တဲ့ ​ကောင်​​လေး.. "

Xing ဘာမှဆက်​မ​ပြောပဲ.. ခပ်​တိုးတိုးရွတ်​လိုက်​​တော့.. ​ကျော​ပေါ်က ​ကောင်​​လေးက Xing စကားကို အာရုံမရှိဟန်​.. သူ့လက်​​သေး​သေး​လေး​တွေနဲ့ .. xing နားရွက်​​လေးကို တို့ကာ ထိကာ ​ဆော့​နေသည်​​လေ..

တစ်​ခါတစ်​ခါ.. ဆံပင်​​တွေကို.. ဟိုဟိုသည်​သည်​ လိမ်​ကာ ​ဆော့လိုက်​​သေး.. သူ စိတ်​မရှည်​လာတဲ့ အခါ ဆိုရင်​​တော့.. xing ​ကျောကို ကုန်းကိုက်​ပါလိမ့်​မယ်​.. ဒါဟာ.. jun ငယ်​ငယ်​ကတည်းက.. လုပ်​​နေကျ အကျင့်​တစ်​ခု..

" jun.. "

" အင်​.. အင်​.. "

" xing နဲ့ ဘယ်​တုန်းက စ​တွေ့တာလဲ .. မှတ်​မိလား.. "

" My Baby Gangster "Onde histórias criam vida. Descubra agora