" ဒိုင်း ... !!! "
တွန့်ခနဲ ဖြစ်သွားတဲ့ .. jun ရဲ့ မျက်ခုံးအစုံစုံ...
တဆက်တည်း.. jun ပုခုံးပေါ် ဖွာကျဲသွားစေတဲ့ အနောက်က Paul ရဲ့ သွေးစသွေးန တွေ..ထုတ်ချင်းပေါက်စေတဲ့ ကျည်ဆန်ဟာတော့ .. jun ပုခုံးသားပေါ်ကနေ လက်မတင်လေး ဖြတ်သွားပြီး..
Paul ရင်ဘတ်ဆီ နင့်နင့်စူးစူး ခိုအောင်းနေသည်တဲ့ .. ။" xing .. "
နှုတ်ခမ်းပါးလှုပ်ရုံ ခပ်တိုးတိုးခေါ်လိုက်သော.. မယုံနိုင်ဟန် ဖြူလွှလွှ မျက်နှာထားနဲ့ ယုန်ငယ်ဟာ .. နီရဲရဲသွေးစက်တွေဘက်ကို စောင်းကာငဲ့ကြည့်ရင်း.. သွေးအပျက်ပျက်.. ဖြူတိဖြူဖတ် ..
" Jun.. မကြည့်နဲ့တော့ .. Xing ဆီလာ.. "
လက်တစ်ဖက်ကို ဆန့်ကာ မြှောက်ရင်း.. နူးနူးညံ့ညံ့ ခေါ်တော့.. jun က လက်ထဲက သေနတ်ဆီကို အလန့်တကြား ငဲ့ကြည့်ရင်း ခြေတစ်လှမ်းဆုတ်သည်..
ဘယ်တတ်နိုင်ပါ့မလဲ.. jun ..
မင်း မျက်စိရှေ့တင် ကိုယ် လူတစ်ယောက် သတ်ခဲ့ရပြီ..Hwa ဆီက အဆတ်မပြတ်ထွက်လာတဲ့ သေနတ်သံကြောင့် .. ဘေးဘီဝဲယာ ကြည့်တော့ သူတို့ ခေါင်းဆောင်ရဲ့ သေနတ်ထိမှုအတွက်.. jun ကို ၀ိုင်းအမဲဖျက်ဖို့ ကြံရွယ်နေသော..
လက်အောက်ငယ်သားများ..ချိန်ရွယ်ထားတဲ့ သေနတ်ပြောင်းဝတွေက .. ဆယ်လက်မကတော့ ..
" Jun .. ကျေးဇူးပြုပြီး .. ကိုယ့် ဆီလာပါ..
မင်း .. တစ်ခုခုဖြစ်သွားလိမ့်မယ်.. "လက်တစ်ကမ်းစာ အကွာအဝေးအတွင်း .. သုံးလှမ်းမျှ လှမ်းလာဖို့ကိုပင်.. တွန့်ဆုတ်နေသော.. ထို ကလေးငယ်..
" jun .. ကိုယ့်ကို ယုံတယ်မလား.. "
ဆွေးညွှတ်ကာ .. ငြိမ်သက်နေရာမှ.. တဖြည်းဖြည်း လင်းလာသော.. ထိုမျက်ဝန်းငယ်..
တဆတ်ဆတ်တုန်ခါနေသော .. နီဖျော့ဖျော့နှုတ်ခမ်းပါးက .. ဆုံးဖြတ်ရ ခက်နေဟန်အတိ..
![](https://img.wattpad.com/cover/98749266-288-k366316.jpg)
KAMU SEDANG MEMBACA
" My Baby Gangster "
Fiksi Penggemarဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...