" Jun.... အခု .. ထွက်ခဲ့နော်..
xing စိတ်တိုလာပြီ.. "မနက်စောစောစီးစီး yixing တစ်ယောက်.. ခေါင်းတဗြင်းဗြင်းကုတ်ရင်း.. ပေကပ်နေတဲ့ jun ကို.. ဘယ်လိုဖြောင်းဖြရမှန်းမသိတော့..
ဟိုကလေးကလည်း.. သူက ကျောင်းမသွားနဲ့တော့လို့.. မပြောမချင်း.. ကုတင်အောက်ကနေ.. ထွက်လာမယ့်ပုံမပေါ်..
မှီရာ ခြေထောက်သေးသေးလေးတွေ လှမ်းဆွဲတော့လည်း.. အတင်းရုန်းကာ.. အော်ဟစ်နေသည်မို့ .. ခိုက်မိမှာ စိုးတဲ့.. yixing ကပဲ အရာရာ အလျော့ပေးနေရသည်လေ..
" Jun .. ညစ်ပတ်ကုန်ပြီလေ..
အဲ့လိုမလုပ်ရဘူးလေ.. လာ.. xing ဆီလာ.. "xing လေသံနည်းနည်းလျှော့လိုက်တာနဲ့ .. ကုတင်အောက်ကနေ.. ခေါင်းလေးပြူထွက်လာရင်း.. xingကို စူးစမ်းသလို.. မျက်လုံးဝိုင်းလေးတွေနဲ့
ယုန်ပေါက်..အံ့လည်း သြပါတယ် .. တကယ်..
xing တောင် မနည်းလှမ်းဆွဲနေရတဲ့.. ဒီလောက်ကျပ်တဲ့ ကုတင်အောက်ကို.. သူ့ခန္ဓာကိုယ်လေးနဲ့ ရှောရှောရှူရှူ ၀င်နိင်တယ်ဆိုတာကို .. မဖြစ်သေးပါဘူး.. အစားများများကျွေးပြီး ယုန်ဖက်တီးလေး ဖြစ်အောင်ထားမှပဲ.." လာ.. ကျောင်းအတင်းမသွားခိုင်းတော့ဘူး..
ဒီကိုလာခဲ့ .. ပေတူးလေး.. "မနိုင်တော့တဲ့အဆုံး.. ဆိုဖာပေါ်ကနေ.. ပိစိဆီ လက်ဆန့်ပေးတော့ .. ချစ်စရာယုန်ပိစိက နှစ်ခါတော့
မခေါ်ရ.. ကုတင်အောက်ကနေ.. ချက်ချင်း ထွက်လာပြီး.. သူ့ည၀တ် ၀တ်စုံလေးကို .. ဖုတ်ဖတ်ခါရင်း.. xing ဆီ.. ရောက်လာလေရော.."တကယ်.. တကယ်ကြီး မသွားဘူးနော်..
Jun ကို လိမ်ရဘူးနော်.. jun က .. jun က..
တကယ်.. တကယ်ကြီးကို ကျောင်းသွားဘူးနော်.. "xing ပေါင်ပေါ် ဆွေ့ခနဲ ၀င်ထိုင်ရင်း.. ခါတိုင်းလို.. xing မျက်နှာ အတင်းလိုက်ကြည့်ပြီး.. ခေါင်းငြိမ့်ခိုင်းလေသော.. ယုန်ပေါက်.. ဒီအကျင့်လေးကလည်း.. ဘယ်တော့မှ လူကြီးဆန်လာမယ်မသိ..

أنت تقرأ
" My Baby Gangster "
أدب الهواةဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...