" အပိုင်း ၄၆ "

6.8K 664 84
                                    

" xingggggg... "

ခုံလှည့်​သံ တကျွီကျွီနဲ့ .. ​နောက်​က ​ဆောင့်​ခနဲ.. ​အော်​လိုက်​တဲ့ ယုန်​ပိစိ အသံ​ကြောင့်​ .. စာရွက်​စာတမ်း​တွေနဲ့ တမင်​ အလုပ်​ရှုပ်​ချင်​​ယောင်​​ဆောင်​​နေတဲ့ .. yixing ပြုံးမိမလို ဖြစ်​သွားရင်းနဲ့မှ.. ချက်​ချင်း မျက်​နှာထားကို ပြန်​ထိန်း​လေသည်​.. ။

" ဟာ! .. yixing ကြီး... "

ယုန်​​ပေါက်​ဆီက.. တဖြည်းဖြည်း ​စိတ်​မရှည်​လာတဲ့ ​လေသံအဖြစ်​ ​ပြောင်းသွားပြန်​ပြီး.. ဟွန့်​ ခနဲ.. အသံတိုးတိုး​လေးထွက်​လာရင်း.. မ​ကျေမနပ်​ ​ခြေ​ဆောင့်​ သံ ​လေး​တောင်​ ကြားလိုက်​​ရ​သေး...။

ဒါ​ပေမဲ့ .. သည်​တစ်​ခါ​တော့.. zhang yixing တို့ လုံးဝ အ​လျော့​ပေးလို့ မဖြစ်​.. ။ ​ကျေးဇူးရှင်​ပိစိက.. club သွားချင်​ပါသတဲ့ ​လေ.. ။ အဲ့​တော့ Zhang yixing တို့ နည်းနည်း​လေး စိတ်​ဆိုးချင်​​ယောင်​လည်း ​ဆောင်​​ပေး​ပေမှ..  :3

oh sehun ! oh sehun ! ဒင်းတို့ သွားတာ ကြည့်​ပြီး.. က​လေးက အမြဲတမ်း အတုမြင်​ အတတ်​သင်​ ဖြစ်​​နေတာ..

" ​ဟော..  "

အသံပိစိ​လေးနဲ့အတူ.. ရုတ်​တရက်​.. ပုခုံး​ပေါ် ဖြတ်​ခနဲ.. လာတင်​တဲ့ လက်​ဖြူဖြူဆွတ်​ဆွတ်​​လေး တစ်​ဖက်​​ကြောင့်​.. xing ခါးအနည်းငယ်​ မတ်​လိုက်​​တော့.. yixing မျက်​နှာနားထိ သူ့မျက်​လုံး​တောက်​​တောက်​​လေး​တွေနဲ့ ကပ်​ကြည့်​လာတဲ့.. ယုန်​ပိစိ...

" jun jun ​လေးရဲ့ xing xing ​လေးက.. 
ဟော့ဒီက.. jun jun ​လေးကို.. စိတ်​​ကောက်​​နေတာလား.. ဟုတ်​လား...ဟင်​..? "

အူယားစရာ စကားသံ​သေး​သေး​လေး​ကြောင့်​ yixing ထရယ်​ချင်​​ပေမဲ့ .. မျက်​နှာကို ဆက်​တင်းထား​တော့ .. ဟင်​ခနဲ.. မျက်​ခုံး​လေး နှစ်​ဖက်​ပင့်​ကာ.. ထပ်​​မေး​ဆတ်​ပြ​လေ​သော.. ယုန်​အ​ကောင်​​ပေါက်​.. ။

ဘုရား!
ကျ​နော်​ အသည်းယားလွန်းလို့ ​သေ​တော့မယ်​..

" ​ဟော.. စကားလည်း ပြန်​မ​ပြောဘူး..
ဟင်​လို့.. ဟင်​လို့.. စိတ်​​ကောက်​​နေတာလားဆို​နေ.. "

" My Baby Gangster "حيث تعيش القصص. اكتشف الآن