အပိုင်း - ၎

9K 962 83
                                    

" Xing !
jun စိတ်​တိုလာပြီ​နော်​.. ​"

နောက်​​ကျောဘက်​က​နေ.. စူအင့်​အင့်​ထွက်​လာ​သော.. အသံ​ကြောင့်​ .. Xing ​.. jun ​သောက်​ဖို့ ​ဆေးလုံး​လေး​တွေစီရင်း အ​နောက်​လှည့်​ကြည့်​မိ​တော့.. ကုတင်​​ပေါ်က ကိုယ်​​တော်​​လေးက နှုတ်​ခမ်းစူကာ.. Xing ကို ရန်​သူသဖွယ်​.. မျက်​​စောင်းထိုးလျက်​..

" ကဲ .. Jun က လိမ်​မာပါတယ်​..
နေမ​ကောင်းဖြစ်​မှ​တော့ .. ​ဆေး​လေး​တော့ 
သောက်​ရမှာ​ပေါ့.. Jun ah .. "

" ​မ​သောက်​​တော့ ဘာဖြစ်​ချင်​လဲ ..
မ​သောက်​ဘူးကွာ.. လုံးဝ မ​သောက်​နိုင်​ဘူး.. "

ပြောရင်း​ပြောရင်း စိတ်​တိုလာသလို ပုံစံနဲ့ .. ကုတင်​​ပေါ်က​နေ .. ၀ုန်းခနဲ .. ခုန်​ဆင်း​တော့မယ့်​ .. Jun ကို .. xing အတင်းလှမ်းဖမ်းဆွဲထားလိုက်​ရ​သေး..

" လွှတ်​​ပေး​နော်​.. Xing !
jun ကို လွှတ်​​ပေးကွာ..! "

စူးရဲ​နေ​သော အသံ​လေးက မရပ်​မနား
အော်​ဟစ်​သည့်​တိုင်​.. ပူ​နွေး​နေ​သော.. လက်​​လေးနှစ်​ဖက်​ကလည်း..
Xing ရင်​ဘတ်​ကို အခဲမ​ကျေစွာ.. တဘုတ်ဘုတ်​ထု​သေး..

ဒါ​တောင်​.. ယုန်​​ပေါက်​က ​ဒေါသမ​ပြေ​သေးဟန်​..
ခြေ​ထောက်​ဖြူဖြူ​လေး​တွေကို အတင်းရမ်းခါရင်း .. တွန့်​လိမ်​ကာ ရုန်းသည်​​လေ..

Xing ကလည်း အ​လျော့မ​ပေးပဲ.. အတင်းကို ဆွဲဖက်​ထား​လေ​တော့.. ယုန်​​လေးက.. ထုရင်းရုန်းရင်းနဲ့မှ.. ​မောသွားဟန်​ ငြိမ်​ကျသွား​လေပြန်​သည်​..

ခနကြာ​တော့ .. အ​မော​ဖြေ​နေဟန်​.. အသက်​ရှုသံခပ်​ပြင်းပြင်း​လေးက .. Xing ရင်​ဘတ်​ကို ခပ်​​နွေး​နွေးထိ​လေသည်​.. Xing ရင်​ခွင်​ထဲ​ရောက်​​နေတဲ့ ယုန်​​က​လေးရဲ့ ကိုယ်​အပူချိန်​က .. ​တော်​ရုံတန်​ရုံ​တော့ မဟုတ်​..

က​လေးစုတ်​ရယ်​..
လူကဖြင့်​ .. တစ်​ကိုယ်​လုံးပူကျစ်​​နေတာကို..
ဆေးမ​သောက်​ချင်​ဘူးဆိုပြီး အတင်းငြင်း​သေး..

" Jun က အရမ်းဆိုးတာပဲကွာ..
Jun ​နေမ​ကောင်းဖြစ်​ရင်​.. jun ပဲ ခံစားရမှာ​ပေါ့ ..
xing စကား နား​ထောင်​ပြီး .. ​ဆေး​လေး​သောက်​​နော်​.. ဟုတ်​ပြီလား .. "

" My Baby Gangster "حيث تعيش القصص. اكتشف الآن