" ဟာ.. jun ..
ကြယ်သီး သေချာတပ်လေကွာ.. "Xing တစ်ယောက် .. မနက်စာပေါင်မုန့်ကို အေးဆေးဝါးနေတုန်း.. လှေကားပေါ်ကနေ ပျာယာပျာယာ နဲ့ ၀ုန်းဒိုင်းဆင်းလာတဲ့ Jun ကို မြင်မြင်ချင်း .. Xing မျက်မှောင်ကြုပ်ရင်း ခပ်တိုးတိုးပြောမိလေသည်..
ပြောလို့သာပြောရသည်..
ကြယ်သီးသုံးလုံးလောက်ပြုတ်နေသော.. အကျီ်ဟပြဲနဲ့ ယုန်ပေါက်ကတော့ .. Xing စကားကို .. ကြားဟန်မတူ.. ပခုံးကနေ.. ဘေးတစ်စောင်းချလွယ်ထားတဲ့ ကျောပိုးအိပ်ကိုသာ.. အတင်းစိတ်ဝင်တစား ..
ဘာတွေ ငုံ့ကာရှာနေမှန်းမသိ.." xing .. မစားနဲ့တော့ ..
ကျောင်းနောက်ကျနေပြီ.. pali pali... သွားကြစို့ .."Xing သက်ပြင်းချကာ.. ပိစိကို မနိုင်ဘူးဆိုတဲ့ သဘောနဲ့
စားပွဲပေါ်က နွားနို့ခွက်ကို .. ခပ်မြန်မြန်မော့ချနေတုန်း..
မျက်လုံးက လှစ်ခနဲ မြင်လိုက်ရသည်က.. မီးဖိုချောင်ပေါက်ဝကနေ .. Jun ကို ခိုးကြည့်နေကြသော.. အိမ်အကူကောင်မလေးတစ်ချို့ ..စိတ်က .. ထောင်းခနဲ .. ဒေါသထွက်သွားရလေကာ..
Jun ကို လှမ်းကြည့်မိတော့.. ကိုယ်တော်ချောက.. ဖြူလွှနေသော.. ရင်ဘတ်ကိုဖုံးဖို့ရာ.. အကျီင်္ကြယ်သီးကို တပ်ဖို့ စိတ်ကူးရှိဟန်မတူ.." Jun... ကြယ်သီးတပ်ဆိုနေ.. "
" ဟာ.. Xing ကလည်း .. ဒီမှာကြည့် .. "
စိတ်မရှည်တော့သလို.. မျက်မှောင်လေးတစ်ချက်နှစ်ချက်.. အသာချိုးပြရင်း.. သူ့ပုခုံးပေါ်က ကျောပိုးအိပ်ကို ဘုတ်ခနဲ .. ပစ်တင်လိုက်သော.. ယုန်ပေါက်ကြောင့်..
Xing ယောင်နနနဲ့ မော့ကြည့်မိတော့ ..ကျေးဇူးရှင်က .. သူဝတ်ထားတဲ့ ကြယ်သီးပြုတ်ရှပ်အဖြူလေးကို.. လက်ညိုးလေးနဲ့ ပုခုံးသားဖြူဖြူလေးတွေပါ ပေါ်အောင်အထိ.. အသာဆွဲဖြဲပြရင်း.. Xing ကို .. မျက်စိတစ်ဖက်မှိတ်ပြသည်လေ..
" အဲ.. "
" ကြည့် .. ဘယ်လိုလဲ .. Xing ..
Kim JunMyeon က Sexy ကျတယ်မလား.. "
ESTÁS LEYENDO
" My Baby Gangster "
Fanficဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...