" အပိုင်း ၃၅ "

5.8K 581 61
                                    

" မုန်​..မုန်​လာဥ .."

" ကန်​စွန်းရွက်​.. "

" အင်​.. အင်​.. ဘာရှိ​သေးလဲ.. "

သူ့အရပ်​နဲ့ လွတ်​​နေတဲ့ ဒန်းလေး​ပေါ်က​နေ.. ​ခြေ​ထောက်​က​လေး တွဲ​လောင်းချ.. ​ဘောပင်​ကို ပါးစပ်​နဲ့ ကိုက်​... စာအုပ်​ကို ​ပေါင်​​ပေါ်တင်​ရင်း .. ပန်းခြံထဲမှာ..
ထူးထူးဆန်းဆန်း စာလုပ်ေ​န​သော.. ယုန်​​ပေါက်​..

မလုပ်​လို့လည်း.. မရ..
စာ​မေးပွဲက .. နီးလာပြီ​လေ..

" ရှိ​တော့ဘူး ... ပြီးသွား​ရောပဲ..
ဟော.. အခု... မိသားစုအ​ကြောင်း​တဲ့.. "

" အင်း... ဘယ်​သူ့အ​ကြောင်း​ရေးရင်​​ကောင်းမလဲ...
papa ရယ်​.. mama ရယ်​..
Sehunnie ရယ်​.. jun ရယ်​.."

နာမည်​​တွေ တစ်​ခုပြီးတစ်​ခု ရွတ်​ရင်း တဖြည်းဖြည်း မျက်​နှာ​လေးမဲ့လာ​သော.. jun က .. မျက်​​မှောင်​​လေး ကြုပ်​ရင်း နှုတ်​ခမ်း​လေးစူလာသည်​.. ပြီး​တော့ စိတ်​ဓာတ်​ကျသွားသလို.. ဟူးခနဲ သက်​ပြင်း​လေးချကာ..
ခေါင်း​လေး ငိုက်​စိုက်​ဖြစ်​သွားရင်း..

" ​နေပါဦး..  jun့  အမျိုး​တွေက ဘာလို့ အဲ့​လောက်​ထိများရတာတုန်း .. အာာားးး ရူး​တော့မှာပဲ.. "

ယုန်​ပိစိဆီက.. ပွစိပွစိအသံကြားလို့.. xing သစ်​ပင်​​ရေ​လောင်း​နေရင်းနဲ့မှ.. လှမ်းကြည့်​​တော့.. ဟိုက​လေးက တကယ့်​ကို အတည်​​ပေါက်​ စိတ်​ညစ်​​နေဟန်​..

" အခု​တော့.. စာ​တွေအများကြီး ​ရေးရ​တော့မယ်​.. ဟင့်​"

ထွက်​လာပြီ.. အသံ​လေးက ..
အခုမှ.. စာလုပ်​တာ နာရီဝက်​​တောင်​ မပြည့်​​သေး..
Xing ​ခေါင်း အသာရမ်းရင်း.. မသိချင်​​ယောင်​​ဆောင်​ကာ.. ​ရေဆက်​​လောင်း​နေ​တော့.. jun ဆီက အသံက ငြိမ်​သွားပြန်​​ရော..

အော်​.. စာ​လေး ဆက်​လုပ်​​နေပြီအထင်​နဲ့ .. လှည့်​အကြည့်​..
အမ​​လေး​လေး.. ယုန်​ပိစိက.. ဒန်း​ပေါ်လှဲချရင်း.. ဖိနပ်​စီးမထားတဲ့ ဖြူစွတ်​စွတ်​.. ​ခြေ​ထောက်​နှစ်​​ချောင်းမိုး​ပေါ်​ထောင်​ထား​သေးတာ.. စာအုပ်​ကိုလည်း.. လက်​နဲ့ ​မြှောက်​ကြည့်​လိုက်​.. မျက်​နှာထဲဝင်​သွား​တော့မတပ်​.. ပြန်​ဆွဲချလိုက်​နဲ့.. စာကျက်​ပုံက တစ်​မျိုး :3

" My Baby Gangster "Donde viven las historias. Descúbrelo ahora