" jun လေး.. ခြေထောက်နာလား..
လွယ်အိပ်ကရော.. လေးလား..
hyung ကူသယ်ပေးရမလား.. "အရှေ့ကနေ.. ခုန်ဆွခုန်ဆွ သွားနေတဲ့ jun ကို.. ဘေးနားကနေ.. sehun က တရစပ်မေးရင်း.. ခေါင်းလေးပွတ်ပေးလိုက်.. လက်ဖောင်းဖောင်းလေးတွေ.. ဆွဲထားလိုက်နဲ့.. အတော့်ကို အလုပ်ရှုပ်နေလေသည်..။
yixing hyung ပို့လာတဲ့ message အရ.. ခေါင်းဆောင်ကြီးရဲ့ အမိန့်ကြောင့် .. တစ်နေရာရာကို.. အလုပ် သွားရရင်း.. jun ကျောင်းပြန်ချိန်အမှီ ပြန်မလာနိုင်တာမို့..
jun ကို chanyeol တို့နဲ့ အတူ.. အိမ်ပြန်စေခြင်း ဖြစ်သည်..။" junnie .. မောမယ်လေ..
တအားမဆော့ရဘူး .. ဟုတ်ပြီနော်.. "ဖြူစွတ်စွတ်ယုန်လေးလို.. တရစပ် ခုန်ပေါက်နေတဲ့.. jun ပုခုံးလေးကို .. ခပ်ဖွဖွလေး ဖိချရင်း.. အငြိမ်နေဖို့ ပြောတော့.. ယုန်ပိစိက.. ပါးမို့မို့လေးတွေ ဖောင်းတက်လာတဲ့အထိ.. ရယ်ပြရင်း chanyeol မျက်နှာကို မော့ကြည့်ကာ.. ခေါင်းတောင်ရမ်းပြလိုက်သေး.. ။
" ဘာကောင်လေးမှန်း မသိဘူးကွာ..
ဆိုးတာလေး.. Hyung စကားကို နားမထောင်ဘူးပေါ့လေ.. ဟုတ်လား.. "စကားနားမထောင်တဲ့ ယုန်ပိစိကို.. ဆွေ့ခနဲ.. မလိုက်ရင်း.. မြှောက်ချီလိုက်တော့.. jun က မကြောက်တဲ့အပြင်..တခစ်ခစ်ရယ်ရင်း.. chanyeol ပုခုံးကို.. လှမ်းဆွဲလာသည်.. ။
" chan.. ကလေး လန့်သွားဦးမယ်.. "
ခုနလေးမှ.. jun ဆီက ယူထားသော.. jun လွယ်အိပ်လေးကို.. ပုခုံးတစ်ဖက်ပေါ် စောင်းချတင်ထားသော.. sehun က ပါးစပ်ကသာ.. တားနေသော်ငြား.. သူကိုယ်တိုင်လည်း.. jun ရယ်နေတာကြည့်ပြီး.. လိုက်ပြုံးရှာသည်..။
" ဒီကောင်လေးက.. မကြောက်ပါဘူးကွာ..
ပြောပါဦး.. ဟော.. လွှတ်ချ လိုက်ရမလား.. ကဲ.. လွှတ်ချလိုက်ပြီ.. "" arr... မလုပ်နဲ့.. ကြောက်တယ်.. "
chanyeol စသလိုလိုနဲ့.. jun ကိုယ်လေးကို.. ခပ်သာသာမြှောက်လေမှ.. ယုန်ပေါက်က.. chanyeol ကိုယ်ကို.. အတင်းလှမ်းဆွဲရင်း.. အော်ပါလေရော..
![](https://img.wattpad.com/cover/98749266-288-k366316.jpg)
YOU ARE READING
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...