အပိုင်း ၄၀

5.3K 883 108
                                    

Yixing .. ကားကို အလျှင်​စလို လမ်း​ဘေးရပ်​ကာ.. ပလက်​​ဖောင်း​ပေါ် ​ပြေးတတ်​လာသည့်​တိုင်​ မျက်​နှာချင်းဆိုင်​မှာ စာအုပ်​ကိုင်​ရင်း လမ်း​လျှောက်​လာတဲ့ jun က သတိထားမိပုံမ​ပေါ် ..

ဘယ်​သတိထားမိမလဲ.. ​ပေါက်​စက ​ရှေ့မကြည့်​ပဲ.. မျက်​နှာက စာအုပ်​ကြည့်​ပြီး ​အေး​အေးလူလူ လမ်း​လျှောက်​လာတာကိုး..

အထက်​တန်း​နောက်​ဆုံးနှစ်​ ဖြစ်​သွားကတည်းက .. ယုန်​​ပေါက်​စက ဒီအကျင့်​စွဲ​နေတာ.. ဘယ်​လိုမှ​ဖျောက်​​ပေးလို့မရ.. ကျက်​စရာ စာ​တွေက များပြီ ဆိုပဲ..

တစ်​​ယောက်​​ယောက်​ကို ၀င်​တိုက်​မှ.. ဒု.. က္ခ..

ရော်​.. ​တွေးတာ​တောင်​ မဆုံး​သေး..
ရင်​ဘတ်​တည့်​တည့်​ကို ၀င်​တိုက်​​တော့မဲ့ ​ပေါက်​စ​ကြောင့်​.. အသာမဖယ်​ ​ပေးဘဲ ရပ်​​နေ​တော့..

" အင့်​.. "

" အာ.. ဒီလူ​တော့ .. ဒီမှာ လူတစ်​​ယောက်​လုံး လမ်း​လျှောက်​လာတာ​တောင်​ မမြင်​ဘူးလားဗျာ.. "

သူဝင်​တိုက်​လိုက်​တာ ဘယ်​သူလဲ​တောင်​ ​မော့မ​ကြည့်​ပဲ သူ့နဖူး​လေး သူပွတ်​ကာ ​ခေါင်းငုံ့ရင်း ပွစိပွစိရွတ်​​နေတဲ့ jun ​ကြောင့်​ .. အသည်းယားစွာ ပါး​လေး လှမ်းဆွဲ​တော့ ​မော့လာပါတယ်​.. နှုတ်​ခမ်း​လေး စူပြီး..

" အယ်​.. xing ပဲ.. ဟီး.. jun ကို လာကြိုတယ်​​ပေါ့.. ဟုတ်​လား .. "

ဘယ်​သူလဲ သိသိချင်း ချက်​ချင်း ပြုံး​လာ​သော မျက်​နှာ​လေးနဲ့ xing ကို ချစ်​စဖွယ်​ ရယ်​ပြ​လေ​သော jun ဟာ တကယ့်​ကို အ​မော​ပြေ​ဆေး..

ခါတိုင်းဆို အိမ်​နဲ့ ​​ကျောင်းနဲ့က သိပ်​မ​ဝေးတာမို့ jun က လမ်း​လျှောက်​ပြ​န်​​နေကျရယ်​ပါ..
ဲဒါ​ပေမဲ့ .. ဒီက​နေ့​လေး​တော့ .. ဒီယုန်​ပိစိ​လေးကို မ​နေနိုင်​ မထိုင်​နိုင်​ လွမ်း​နေရသည်​မို့ .. company က​နေ .. ​ကျောင်းဆင်းချိန်​အမှီပြန်​လာခြင်း..

" ​ဟော.. မ​ဖြေ​တော့ဘူးလား..
jun ကို လာကြိုတာလားဆို​နေ.. "

" မဟုတ်​ပါဘူး .. ဒီ​ကျောင်းက ​ကောင်​မ​လေး​တွေ​ ​ချောတယ်​ဆိုလို့ လာကြည့်​တာ.. "

" My Baby Gangster "Tahanan ng mga kuwento. Tumuklas ngayon