" ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်.. "
xing တစ်ယောက် မျက်နှာချင်းဆိုင်မှာ.. ခပ်အေးအေးထိုင်နေသော.. လူကို ပြုံးကာ မိတ်ဆက်လိုက်တော့.. တဖက်လူကလည်း .. ရင်းရင်းနှီးနှီးကို ပြုံးပြကာ.. ခေါင်းငြိမ့်လေသည်..
" ဟျောင့် .. jun.. အဲ့ဒါ မင်းလူကြီးပေါ့ ဟုတ်လား.. "
ထိုလူရဲ့ဘေးမှာ.. ထိုင်နေတဲ့ jun နဲ့ဆင်တူ ကျောင်းသားဝတ်စုံလေးနဲ့ အသားညိုညိုသယောင် မျက်ကွင်းညိုလေးနဲ့ ပန်ဒါပုံစံ ကောင်လေးက.. xing ဘေးက jun ကို မကျေမနပ်ကြည့်ရင်းပြောတော့..
မခေရှာတဲ့ ယုန်ပေါက်ဟာ.. xing လက်မောင်းကို ဘတ်ခနဲ.. ဆွဲမှီလိုက်ရင်း.. သူ့ရှေ့က အသားညိုညိုကောင်လေးကို နှုတ်ခမ်းစူပြသည်..
" zi ! စကားကို ဆင်ခြင်စမ်းပါ..
ဘာလူကြီးလဲ .. ဒါ .. jun ရဲ့ ကိုကို...
ဟုတ်တယ်မလား .. နော့ .. ကိုကို xing .. နော့ "မျက်လုံးလေးက မီးထတောက်မတက်.. ဒေါသအငွေ့လေးတွေနဲ့ .. zi ဆိုတဲ့ ကောင်လေးကို ပြန်စွာရင်း .. xing ဘက် မျက်နှာလေးလှည့်ကြ့ည့်ရင်း.. ခေါင်းလေးနှစ်ချက်ငြိမ့်ပြကာ.. ထောက်ခံခိုင်းလိုက်သေး..
Jun ပြောပြချက်အရတော့.. သူ့ သူငယ်ချင်း zi က သူ့ချစ်သူဘဲကြီးကို jun ကို ခနခန လာကြွားလွန်းလို့.. စိတ်တိုရသည်တဲ့လေ..
အဲ့တာမို့.. ရှိသမျှ ချွဲနည်းပေါင်းစုံနဲ့ .. xing ကို ၅ မိနစ်တိတိ.. မြူစွယ်တိုက် အဲလေ.. ချစ်သူအဖြစ်ဟန်ဆောင်ပေးဖို့ အကူညီတောင်းခြင်းပင်...
ဒီက လူကလည်း.. ငြင်းဖို့ဝေးစွ.. သူမျက်တောင်နှစ်ခါလောက်ပုတ်ခတ်ပုတ်ခတ် လုပ်ပြရင်ကို.. အရည်ပျော်ကြသွားသူမို့.. အလကားနေအလကား.. jun ခေါ်ရာသို့ ကန့်လန့်ကန့်လန့်ပါလာရခြင်း..
" ကိုကို ဆိုတော့ .. ချစ်သူပေါ့ .. ဟုတ်လား..
zi နဲ့ fanfan ကကျတော့လေ .. စေ့တောင်စေ့စပ်တော့မှာ သိလား.. သိလား.. "

ESTÁS LEYENDO
" My Baby Gangster "
Fanficဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...