yixing အတန်းချိန်မို့်စာသင်နေတုန်း.. တဂီးးဂီးးမြည်လာတဲ့ .. တယ်လီဖုန်း.. အတန်းရှေ့က ဆရာ့ကိုလည်း အားနာ.. ၀င်လာတဲ့ ဖုန်းကလည်း unknown number မို့.. မကိုင်ဖို့လုပ်နေပေမဲ့ .. ထပ်ခါထပ်ခါ ခေါ်နေတော့လည်း .. တစ်ဘက်က အရေးကြီးပုံရလေသည်...
ဘယ်သူမလို့ အဲ့လောက်ထိခေါ်နေရ...
" Hello .. "
" zhang yixing လား မသိဘူးခင်ဗျ.. "
" ဟုတ်ကဲ့ ကျွန်တော်ပါ.. "
" ဆိုးလ်ရဲစခန်းကပါ..
အထက်တန်းကျောင်းသား Kim junmyeon ရဲ့ အုပ်ထိန်းသူ အနေနဲ့ လာပေးချင်ပါတယ်.. "" ခင်ဗျာ!! "
လန့်ထိတ်သွားသော စိတ်အစုံနဲ့ အတူ ၀ုန်းခနဲ.. မတ်တပ်ထရပ်လိုက်မိတော့.. ရှေ့ခုံမှာ ထိုင်ငိုက်နေသော Sehun နဲ့ chan အပြင်
တစ်တန်းလုံး အာရုံက သူ့ဆီ ရောက်လာသလို.. စာသင်ရင်း လှည့်လာသော.. ဆရာကလည်း.. ဘာဖြစ်တာလဲဆိုတဲ့အကြည့်မျိုးနဲ့.." ဆရာ..
ကျွန်တော် အရေးကြီးကိစ္စရှိလို့.. "ခေါင်းတစ်ချက်ဆတ်ပြကာ.. ခွင့်ပြုပေးသော.. ဆရာ့အား.. ကျေးဇူးတင်စကား ဆိုမိလား.. မဆိုမိလား.. သေချာမသိ.. သေချာတာကတော့.. လည်ပင်းသွေးတတ်မတက် ခံစားနေရတာပင်..
Jun..
ရဲစခန်းထိရောက်ရလောက်အောင်ထိ ဘာများဖြစ်သည်လဲ.." baby jun..."
" xing.. "
စခန်း ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသလို.. ရင်ခွင်ထဲ.. ဆွဲဖက်မိထားသော.. jun က မျှော်လင့်ထားသလို.. တအင့်အင့်မငိုတဲ့အပြင့်... ခေါင်းငုံ့ကာ အံ့ကြိတ်ထားတဲ့ jun ကြောင့် သူ့ခမျာ.. အသက်ဆယ်နှစ်လောက် တိုသွားရသလို..
" Baby jun .. ကိုယ့်ကိုကြည့်..
ပြော.. တစ်နေရာရာထိခိုက်မိတာရှိသေးလား.. ဘယ်နားနာသွားသေးလဲ .. ပြောပါဦး.. ဟင်.. "ဘာစကားမှမပြောတဲ့ ယုန်ပုလေးကို ..ရင်ခွင်ထဲက ဆွဲထုတ်..လက်ဖဝါးလေးတွေ..ဖြန့်ကြည့် .. တံတောင်ဆစ်ရဲရဲလေးတွေ လိုက်ကြည့်.. ဒူးဖုံးဘောင်းဘီလေးဝတ်ထားတဲ့ .. ခြေထောက်ဖြူဖြူလေးတွေ လိုက်စစ်ကြည့်နဲ့ အတော့်ကို စိတ်မောရလေသည်..
BẠN ĐANG ĐỌC
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...