" အပိုင်း - ၁၃ "

7.6K 723 80
                                    

" Kim jun .. "

xing ထမင်းလုတ်​ကို ရင်​​မောစွာ .. အသာဝါးချလိုက်​ရင်း..
ငြိမ်​သက်​ကာ... အသာအယာ .. ဖိမှိတ်​ထားတဲ့ ​မျက်​၀န်းမို့မို့​လေး​တွေဆီ... စိုးရိမ်​တကြီး​ငေးမိတယ်​..

" Jun ​လေး .. ထမင်းထစား​လေ...
Hyung တို့​တောင်​.. စားလို့ပြီး​တော့မှာ.. "

ကြာ​တော့ မ​နေနိုင်​တဲ့ .. Sehun ကပဲ.. ​နေရာက​နေထလာပြီး.. xing ​ပေါင်​ကို ​ခေါင်းအုံးပြီး.. လှဲအိ​​ပ်​​နေတဲ့ jun ​လေးကို.. ​ပါး​လေး ခပ်​ဖွဖွပွတ်​​ပေးရင်း.. ​ချော့ရှာတယ်​..

ဒါ​တောင်​.. ငြိမ်​သက်​​နေတဲ့ က​လေးက .. sehun ကို မျက်​လုံး​တောင်​ ဖွင့်​မကြည့်​ရှာပဲ.. မျက်​​မှောင်​​လေးက တစ်​ချက်​တွန့်​သွားပြန်​​လေရဲ့ ..

Xing တစ်​ချက်​.. စိုးရိမ်​လို့.. နဖူး​လေးကို အသာစမ်းကြည့်​​တော့လည်း.. ကိုယ်​ကလည်း မပူ...

ခါတိုင်းဆို.. xing တို့ .. မျက်​စိ​နောက်​​လောက်​​အောင်​.. ပတ်​​ပြေးလိုက်​.. စကား​တွေ ရွှန်းရွှန်း​ဝေ​အောင်​ ​ပြောလိုက်​နဲ့ Jun က .. အခု​တော့.. ထမင်းလည်းထမစား.. တစ်​​နေကုန်​.. xing နားမှာ ကပ်​ပြီး.. ဘာကို ဂျီလို့ ဂျီချင်​​နေမှန်းမသိ.. အ​တော့်​ကို ငြိမ်​ကျ​နေသည်​​လေ...

မီးဖို​ချောင်​ရဲ့ တံခါးဝ​လေးမှာ.. လူကြီး​လေးလို ငြိမ်​ငြိမ်​​လေး ထိုင်​​နေရှာတဲ့ vivi ကလည်း .. xing ​ပေါ်ကို ​ခေါင်းအုံးပြီး ထိုင်​ခုံ​ပေါ်မှာ ကန့်​လန့်​ကြီး အိပ်​​နေတဲ့ Jun ကို.. အထူးအဆန်းသဖွယ်​ ကြည့်​​နေရှာတာ.. အရင်​ကဆို.. jun က.. သူနဲ့ ​ဆော့​ဖော်​​ဆော့ဖက်​ကိုး..

" ကဲ .. Jun .. ဘာလိုချင်​လဲ​ပြော​လေ.. Jun ပဲ .. Sehunnnie တို့ဆီ လာချင်​တယ်​ဆိုလို့ လာပြီးပြီ​လေ.."

xing ထမင်းစား​နေတဲ့ ဇွန်းကို အသာချရင်း.. jun ဆံပင်​​လေး​တွေကို ခပ်​ဖွဖွ ပွတ်​သတ်​ရင်း ​ပြော​တော့.. jun မျက်​​တောင်​​လေး​တွေ ပုတ်​ခတ်​ပုတ်​ခတ်​ ဖြစ်​လာတယ်​...

" Jun ​လေးက ​ပြောမှ.. Xing တို့က
လုပ်​​ပေးလို့ရမှာ​ပေါ့ .. ဟုတ်​တယ်​မလား.. "

" My Baby Gangster "Où les histoires vivent. Découvrez maintenant