" ဒီမှာ.. ဒီမှာ.. ကျေးဇူးရှင်လေး.. "
Xing အခန်းထဲဝင်လာပါပြီ ဆိုကတည်းက.. အိပ်ယာပေါ်ခုန်တက်ပြီး.. စောင်ခြုံပုန်းလေရှာသော.. ယုန်ပိစိ..
" ထလာပါဦး.. ထလာပါဦး.. "
" ထပု "
ပိစိကလည်း.. စောင်ကြားထဲကနေ .. ထွက်မလာရေးက.. ပိစိအရေးဆိုသလို.. xing ကလည်း..
စောင်နဲ့လုံးထွေးနေသော.. ပိစိကို .. အတင်းစောင်ကြားထဲက ဆွဲထုတ်ဖို့ အရေး.. Xing အရေး.." jun .."
" ဘာတုန်းဟာ.. xing ရာ..
သူများအိပ်နာကို.. "အတင်းရောကာရော.. jun လက်ထဲက.. စောင်ကို ဇွတ်ဆွဲချမှ.. ကျေးဇူးရှင်က .. စူအောင့်အောင့်လေး အသံထွက်လာသည်..
" Jun.. ကိုယ့်အပြစ် ကိုယ်သိတယ်နော်.. "
" Jun ဘာလုပ်မိလို့လဲ..
သူ့ဟာသူ ဖြစ်သွားတာတော့ ..
jun ဘယ်တက်နိုင်မလဲလို့ .."စောင်ခြုံထဲကနေ.. ခေါင်းလေးပြူထွက်လာရင်း.. သူပဲဘာမှမလုပ်ထားသလို့မျက်နှာလေးနဲ့ တိုးတိုးလေးပြောနေတာများ.. တကယ့် သနားစဖွယ်အိုက်တိုင်အပြည့်..
ပြောပြရပါဦးမယ်..
Kim Junmyeon ဘာလုပ်ထားတာလဲဆိုတာကို..ဟိုတလောက.. သူပဲ တစ်ယောက်တည်း ပျင်းတယ် ဘာညာပြောနေလို့.. အပျင်းပြေအောင်လို့ဆိုပြီး.. ရွှေငါးလေးတစ်ကောင် ၀ယ်ပေးထားလိုက်ပါတယ်..
ဒင်းလေးက .. တစ်ရက်နှစ်ရက်တော့ အကောင်း..
နောက်ကျတော့.. ရွှေငါးလေး ပျင်းနေမှာစိုးလို့ ဆိုပြီး..
ငါးလေးကို မြောင်းထဲမြောပစ်လိုက်တယ်တဲ့လေ..
ငါးလေးက .. မြောင်းပုတ်ထဲ ဘယ်လိုလုပ်ကြာကြာ အသက်ရှင်မတုန်း..သူ့ ဘာသာလုပ်ပြီး.. ရွှေငါးလေးသေသွားတော့လည်း..
ဆူဖို့ဝေးစွ.. သူ့ငါးလေး သနားပါတယ်ဆိုပြီး.. မရပ်မနားထိုင်ငိုနေလို့.. နေ့တစ်ပိုင်း ချော့ယူရတယ် =_=မနေ့က ရွှေငါးလေး တစ်ကောင်ထပ်ဝယ်ပေးထားတော့လည်း..
ခုနပဲ.. ငါးလေးက နေပူဆာလှုံချင်နေတယ်ထင်တယ် ဆိုပြီး..
နေပူထဲပစ်ထားသတဲ့ ..
KAMU SEDANG MEMBACA
" My Baby Gangster "
Fiksi Penggemarဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...