အပိုင်း - ၁

24K 1.4K 77
                                    

" Oh sehun.. Oh sehun... ချ ! ချ! "

" Yixing ! ပြန်​ကန်​​လေ.. "

မိုး​ရေ​တွေကြားထဲမှာ.. သူနိုင်​ကိုယ်​နို​င်​.. လုံး​ထွေးသတ်​ပုတ်​​နေတဲ့ .. ​ကျောင်းဝတ်​စုံနဲ့ ​ကောင်​​လေးနှစ်​​ယောက်​..

ဘေးနားက ​ကျောင်းသား​တွေက​တော့ ၀င်​ဆွဲဖို့ ​ဝေးစွ.. ​ဘေးနားက​နေ.. လက်​ခုပ်​လက်​ဝါးတီးလို့​တောင်​ အား​ပေး​နေကြ​သေး..

ဖြစ်​​နေတာကလည်း.. ​ကျောင်းအပြင်​ဘက်​အုတ်​တံတိုင်းနားမှာ ဖြစ်​​နေတာမို့​.. လာဆွဲမယ့်​.​ ဆရာလည်းမရှိ..
ပြီး​တော့..
ဒီလိုရန်​ပွဲမျိုးဆိုတာကလည်း.. တစ်​သက်​မှတစ်​ခါ မြင်​ရဖို့ခဲယဉ်းသည်​အထိ.. စိတ်​၀င်​စားဖို့ ​ကောင်းလွန်းတာကိုး..

ရန်​ဖြစ်​​နေကြတဲ့ လူ​တွေက.... ​ကျောင်းမှာ အဆိုးဆုံး လူမိုက်​စာရင်းဝင်​ ဖြစ်​တဲ့ Zhang Yixing နဲ့ Oh sehun..

" အင့်​! "

ဝုန်းခနဲ.. လဲကျသွားတဲ့.. ​မေးရိုးထင်းထင်းနဲ့ ​ကောင်​​လေး​ပေါ်ကို Yixing တက်​ခွပြီး.. လက်​သီးရွယ်​ရန်​ ပြင်​​နေသည်​အထိ​တော့.. အားလုံးတည်​တည်​ငြိမ်​ငြိမ်​...

" ​တော်​ကြစမ်း! "

ချိုမြမြ..
သို့​ပေမဲ့ ..
စူးရှရှ..

Sehun အ​ပေါ်အုပ်​မိုးကာ.. ရွယ်​ထားတဲ့ ​Xing ရဲ့ လက်​​တွေ.. ဆစ်​ခနဲ.. တင်းတင်းဆုတ်​လိုက်​တဲ့အချိန်​တွင်းမှာ.. လှမ်းတားလိုက်​တဲ့ အသံပိုင်​ရှင်​ဟာ.. မိုး​ရေ​တွေကြားထဲက​နေ.. တဖုတ်​ဖုတ်​ ​ပြေးလာတယ်​..

အဲ့ဒီ့ ​ခြေသံ​တိမ်​တိမ်​​လေး.. နဲ့ ..
အဲ့ဒီ့ ​ခြေလှမ်း​သေး​သေး​လေး.. နဲ့ ..
တောင့်ခဲ​နေတဲ့ .. သူ့ဆီကို​လေ ..

ယုန်​ကလေး...

အ​ကြောင်းအရင်းမရှိပါလျက်​ ကွေးညွှတ်​သွားတဲ့ သူ့ နှုတ်​ခမ်းသား​တွေ အဆုံးမှာ.. ပါးတစ်​ချက်​ဘက်​ကို ပါးချိုင့်​နက်​နက်​​လေးက ခုန်​ဆင်းလာ​လေရဲ့ ...

" မင်းကို နိုင်​စားမယ့်​လူလာပြီ .. Xing .. "

အဖိခံထား​ရ​တာ​တောင်​ ​အောက်​က​နေ တဟက်​ဟက်​ ရယ်​ပြ​နေတာမို့.. sehun ကို .. Xing အံကြိတ်​ပြ​တော့.. Sehun က ရယ်​လိုက်​တာများ.. အူတက်​​တော့မတပ်​..

" My Baby Gangster "Nơi câu chuyện tồn tại. Hãy khám phá bây giờ