" အပိုင်း - ၂၈ "

5.9K 642 64
                                    

" Jun က​လေ.. Jun က​လေ.. "

xing မျက်​စိ​ရှေ့မှာ... ​ပေါက်​​ပေါက်​​ဖောက်​​နေ​သော.. ယုန်​​ပေါက်​​လေးကို ​ငေးကြည့်​ရင်း.. ခိုးပြုံးမိလိုက်​​လေသည်​..
ရက်​သတ္တပတ်​​တော်​​တော်​ကြီးကို ကြာသွားတဲ့ အချိန်​မှာ​တော့... jun လည်း ​မေ့သင့်​တဲ့ ကိစ္စအချို့ကို အ​တော့်​ကို.. ​မေ့​​မေ့​ပျောက်​​ပျောက်​ ပြန်​ဖြစ်​လာတာမို့ .. စကား​များတဲ့ နဂိုအကျင့်​​လေး​တွေပါ ပြန်​​ပေါ်လာ​လေပြီ..

" Xing သိတယ်​မလား.. အင်း ..
Xing သိတယ်​ ဟုတ်​.. ဟုတ်​တယ်​ဟုတ်​.. "

စားပွဲခုံ​လေး​ပေါ် ​မေးတင်​ရင်း.. လက်​ညိုး​လေးတဆန့်​ဆန့်​ တတွတ်​တွတ်​​ပြော​နေတဲ့ jun ​ပြောစကားကို .. ဘာကိုဆိုလို​နေမှန်း ​သေချာမသိ​သော်​ငြား.. ​ရစ်​ထုတ်​​လေး အလိုမကျမှာက စိုးတာမို့ ​ခေါင်းအသာငြိမ့်​ပြ​တော့ .. jun က ခပ်​ဖွဖွရယ်​သည်​..

" အင်း .. Xing လည်း သိပါတယ်​.. တကယ်​ဆို..
Zi မ​ကောင်းတာ .. အင်းး .. jun ​ပြောတာ.. Zi ကို​နော်​.. အင်း.. xing က​တော့ ​ကောင်းတယ်​.. အများကြီး​ကောင်းတယ်​.. "

ဒီနား​လေးတင်​လည်​ထွက်​​နေ​သော.. jun စကားနဲ့ .. မျက်​​မှောင်​​လေးတွန့်​ကာတွန့်​ကာ.. ပြုံးလိုက်​ မဲ့လိုက်​ စကား​ပြော​နေ​သော.. jun အမူ​အရာ​လေး​တွေ​ကြောင့်​ .. junကို sojuတွေ ဇွတ်​တိုက်​သွား​သော.. Zi ကို​တောင်​ ​ကျေးဇူးတင်​ချင်​လာသလိုလို..

" ​ပြောချင်​တာကကွာ.. ဆိုလိုချင်​တာ​ပေါ့​နော့ ..
ဒါ​ပေမဲ့.. အဲ့လို​ပြောချင်​တာကလည်း.. zi ဘာသာ zi တစ်​လပြည့်​အထိမ်းအမှတ်​ကို .. jun ကို ဘာလို့​ခေါ်တုန်း..
ပြီး​တော့ ဒီ​နေရာကြီးမှာ Jun တစ်​​ယောက်​တည်း... ပစ်​ထားခဲ့တာကြီး​ရော .. "

နှုတ်​ခမ်း​လေး စူကာ..တအင့်​အင့်​ညည်းတွားသံ​သေး​သေး​လေးနဲ့ .. ပွစိပွစိရွတ်​လို့ မဆုံးနိုင်​​သော.. jun ဟာ တကယ့်​က်ို .. သာလိကာ ​ပေါက်​စ​လေး..

" အဲ့​တော့ Zi မ​ကောင်းဘူး..
Xing ​ကောင်းတယ်​.. "

" ကဲ .. ဟုတ်​ပါပြီ .. Jun မူး​နေပြီ..
ပြန်​ကြရ​အောင်​.. ထ.. ထ .."

" My Baby Gangster "Où les histoires vivent. Découvrez maintenant