အပိုင်း - ၁၀

8.1K 839 51
                                    

" ​ဖောက်​.. "

တိုးညင်း​သော်​လည်းဇီဝိန်​ပါ .. ​ကြွေ​စေနိုင်​​သော.. အသံတိတ်​​ပြောင်းဝမှ.. ကျည်​ဆန်​တို့ နှစ်​​တောင့်​​လောက်​ ထုတ်​လွှတ်​ပြီးသည့်​​နောက်​.. အ​မှောင်​ရိပ်​မှ.. လူများ .. တစ်​​ယောက်​ပြီး တစ်​​ယောက်​ကျကုန်​သည်​...

Yixing .. စိတ်​ကို ငြိမ်​​အောင်​ထား၍.. အ​မှောင်​ထဲသို့ စူးစိုကြည့်​ကာ.. ​နောက်​ပစ်​မှတ်​ကို ရှာ​ဖွေလိုက်​သည်​​လေ..

ဟော.. ​နောက်​တစ်​​ယောက်​..
ရိပ်​ခနဲ မြင်​လိုက်​​သော .. လူရိပ်​တစ်​​နေရာကို လျင်​မြန်​စွာ.. ပစ်​လွှတ်​လိုက်​​တော့ .. ​အော်​သံတစ်​ခုနှင့်​အတူ.. လဲကျသွား​သော.. လူတစ်​​ယောက်​..

Yixing .. စိတ်​ထဲတွင်​ ကြိတ်​၍.. ​ကျေနပ်​သွားမိကာ.. လှစ်​ခနဲ ပြုံးလိုက်​မိ​လေသည်​...

" Xing !!! "

ဘတ်​ခနဲ .. လက်​မြန်​​ခြေမြန်​နဲ့ နားကြပ်​ကို ဆွဲချွတ်​လိုက်​ရခြင်း​ကြောင့်​ ​feel ​လေးလည်း ပျက်​သွားရသည့်​အပြင်​ ​ဆော့လက်​စ game ​လေးလည်း ရှုံးသွားသည်​မို့ .. ဆွဲချွတ်​သူကို မကြည်​လင်​စွာ ​မော့ကြည့်​မိ​လေ​တော့..

Zang Yixing ကို ဤသို့ မ​ကြောက်​မရွံ့ ဆက်​ဆံရဲ​သော.. တစ်​ဦးတည်း​သော တရားခံကား ..

" Jun.. "

" တစ်​​နေကုန်​ အဲ့ ​သေနတ်​ပစ်​တဲ့ ဂိမ်း ကျိပဲ ​ဆော့​နေ​တော့မှာလား ..
ပြော.. ! "

ခန္ဓာကိုယ်​ကို ယမ်းခါရင်း တကယ့်​ကို အခဲမ​ကြေသလို မျက်​နှာ​ဘေး​လေးနဲ့ .. စူပုတ်​​နေ​သော ယုန်​​ပေါက်​​လေး...
Xing ဘာမှမ​ပြောပဲ ပြုံးကြည့်​မိ​တော့ .. ယုန်​​လေးက တအင့်​အင့်​ အိစိအိစိ အသံ​လေး ထွက်​လာသည်​..

" xingggg.. လို့ .. အာ့ game ကြီး မ​ဆော့နဲ့​တော့​လေ​နော်​..
နော်​လို့ .. ချစ်​တယ်​​လေ​နော်​.. "

သွား​လေးကို စိကာ.. အရူးပိစိ​လေးလို ရယ်​ပြ​နေပြန်​​သော jun ​ကြောင့်​ .. xing အသဲယားစွာ.. လက်​က​လေးက​နေ ဆွဲချလိုက်​​တော့ .. ​ပေါင်​​ပေါ်​ရောက်​လာတာမှ.. ​ဆွေ့ခနဲ..

ကောင်​ဆိုး​လေးက လန့်​ပြီး ရုန်းလိုက်​ရင်​.. ပြုတ်​ကျ​နိုင်​သည့်​အ​နေအထား​ကြောင့်​ .. xing
ခါးက​နေ ထိန်းကိုင်​​ပေးမိ​သော်​ငြား.. ​jun က မရုန်းသည့်​အပြင်​.. xing ပုခုံး​လေး​ပေါ်ပါ ​မေး​လေးလာတင်​သည်​...

" My Baby Gangster "Where stories live. Discover now