" မမတို့.. "
kim အိမ်တော်ရဲ့ ဟင်းချက်ကောင်မလေး တစ်ချို့ အလုပ်ရှုပ်စွာ ဟင်းချက်နေကြတုန်း.. တံခါးဝက အသံသေးသေးလေးကြောင့် လည်ပြန်ကာ.. ကြည့်မိတော့..
" ဟင်.. သခင်လေး jun ..
ဘာလိုချင်လို့လဲဟင်.."ခုနပဲ အလုပ်ရှုပ်နေတဲ့ မမ သုံးယောက်သား အမိန့်နာခံတော့မလို ချက်ချင်း တန်းစီရပ်ပြီး သတိစွဲကာ.. မျက်လွှာလေးတွေ ချက်ချင်းချသွားတော့.. တံခါးဝကနေ.. မီးဖိုချောင်ဘက်.. ခြေဖျားထောက် ချောင်းနေတဲ့ ယုန်လေးခမျာ အူလည်လည်..
တကယ်တော့.. baby jun ရဲ့ ပိုင်ရှင် Zhang Yixing က.. သခင်လေး junmyeon ကို မော်တောင် ကြည့်ခွင့်မရှိ ဆိုပြီး အမိန့်ထုတ်ထားတာကိုး.. မျက်လွှာလေးနည်းနည်း ၀င့်လိုက်တာနဲ့ အိမ်ပေါ်က နှင်ချခံရမှာလေ.. ။
" ဟိုဟာလေ.. xing သောက်နေကျလေ.. "
လေသံတိုးတိုးလေးနဲ့ မ၀ံ့မရဲ.. မီးဖိုချောင်ထဲ ၀င်လာတဲ့ jun ရဲ့ ဖြူဥဥ ခြေဖဝါးသားလေး.. နှစ်ဖက်.. ။ အိမ်စီးဖိနပ်ကလည်း စီးမထား.. ခြေအိပ်ဝတ်ရတာလည်း မကြိုက်တဲ့ .. ယုန်ပေါက်ရဲ့ .. အနားသတ် ခြေဖနောင့်သားလေးတွေဆို.. ချစ်စဖွယ် နီမြန်းလို့..
" အင်း.. ကော်ဖီ..
Jun ကလေ.. xing ကို ကော်ဖီဖျော်တိုက်ချင်တာ.. "ရွှင်မြ လန်းဆန်းနေတဲ့ အသံလေးနဲ့ မမတွေနားထိ ယုန်ပိစိက.. တိုးသွားတော့.. Zhange Yixing ကို ကြောက်ရှာတဲ့ မမ သုံးယောက်သား.. အသည်းအသန်ကို အနောက်နား ပြေးကပ်လေတယ်..
" ဟို.. သခင်လေး..
ကော်ဖီမှုန့်ဘူးက ဒီမှာနော်..
သကြားတစ်ဇွန်းရယ်.. ကော်ဖီမှုန့်နှစ်ဇွန်းရယ်.. ရေက ဒီထိထည့်ရတယ်.. "ပြာယာခတ်စွာ.. ကော်ဖီမှုန့်ဘူးတွေ ထိုးပေးကြ.. အတိုင်းအဆတွေ.. ပြောပြရင်း.. ချက်လက်စ ဟင်းအိုးလေးပါ.. မီးပိတ်ကာ.. နောက်ဖေးပေါက်ထဲ လှစ်ခနဲ ပြေးသွားတဲ့ မမ တွေကြောင့် .. တစ်ယောက်တည်းကျန်ခဲ့တဲ့ jun က မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်..
![](https://img.wattpad.com/cover/98749266-288-k366316.jpg)
BẠN ĐANG ĐỌC
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...