" အပိုင်း ၂၄ "

6.1K 699 53
                                    

" jun က .. jun က.. "

အမတန်​ကို တင်းမာ​နေတဲ့ Xing မျက်​နှာထား​ကြောင့်​ ..မျက်​စိ​ရှေ့က နီဖတ်​ဖတ်​နှုတ်​ခမ်းသား​လေး​တွေဟာ.. ​ကြောက်​လန့်​တကြား တဆတ်​ဆတ်​တုန်​ယင်​​နေသတဲ့ .. ။
မျက်​လုံးဝိုင်းဝိုင်း​လေး​တွေဆို.. ခုပဲ ငိုချလိုက်​​တော့ မလို .. မျက်​ရည်​ကြည်​​လေး​တွေ ​ဝေ့ကာတက်​လို့ ..

" မငိုနဲ့ .. jun ..
လာ.. Xing ကို ကြည့်​.. "

စိတ်​မခိုင်​တဲ့ ကိုယ်​ကပဲ.. ငုံ့ကာကျသွားတဲ့ jun ​မေး​လေးကို လက်​ဖျား​လေးနဲ့ ​မော့​စေပြီး.. မျက်​နှာထားကို ​လျှော့လိုက်​​တော့.. အငိုသန်​တဲ့ ​ကောင်​​လေးက .. အင့်​ခနဲ.. မျက်​ရည်​ကြည်​​လေး​တွေ ပိုးပိုး​ပေါက်​​ပေါက်​ကျလာ​ရော..

" Xing ကို စိုးရိမ်​​အောင်​ မလုပ်​ဖို့​ပြောထားတယ်​​လေ..
Jun အခုလို .. ညဘက်​ကြီး တစ်​​ယောက်​တည်း sehun မသိ​အောင်​ ​လျှောက်​သွား​နေ​တော့ .. တစ်​ခုခုဖြစ်​ရင်​ ... ဘယ်​လိုလုပ်​ကြမလဲ.. jun ရဲ့ .. ဟင်​ .. "

ပါးပြင်​နုနု​လေး​ပေါ် တရစပ်​စီးကျ​နေတဲ့ မျက်​ရည်​စ​လေး​တွေကို လက်​​ချောင်း​လေး​တွေနဲ့ ပွတ်​ဖယ်​​ပေးရင်း.. ခပ်​တိုးတိုး​လေး ​ပြော​တော့ .. jun က အပြစ်​ရှိသူမို့ အသံမထွက်​ရဲရှာ..

" Jun သာ တစ်​ခုခုဖြစ်​သွားကြည့်​..
ကိုယ်​ရင်​ကျိုးရမှာ.. သိလား"

တအိအိငို​နေတဲ့ အဆိုးအ​ပေ​လေးရဲ့ ​ဘေးကို ၀င်​ထိုင်​လိုက်​ရင်း.. ​ခေါင်း​လေး​ပွတ်​​ပေး​တော့.. ယုန်​​ပေါက်​​လေးက .. xing ပုခုံး​ပေါ်ကို ​ခေါင်း​လေးမှီချလာသည်​..

" Jun မှားသွားပါတယ်​..
နောက်​မလုပ်​​တော့ပါဘူး.. "

ထွက်​လာတဲ့အသံ​က​လေးက.. တိုး​ဖျော့​ဖျော့ရယ်​..
အချိန်​အ​တော်​ကြာ​အောင်​ ငို​နေတာမို့ .. နှာသီးဖျား​လေး​တွေ​ရော ရဲမို့​နေရှာ​ပေါ့..

" ​တော်​​တော့ .. မငိုနဲ့​တော့ ..
jun ပင်​ပန်းလှပြီ"

မပြီးနိုင်​မဆုံးနိုင်​ တအင့်​အင့်​ရှိုက်​​နေ​သော ​ကောင်​​လေးကို.. သိုင်းဖက်​လိုက်​ရင်း.. ​ကျော​လေးသပ်​ကာ.. ​ချော့​မော့​တော့.. jun ရှိုက်​သံ​လေး​တွေက တဖြည်းဖြည်းကျဲသွားပြန်​သည်​..

" My Baby Gangster "Unde poveștirile trăiesc. Descoperă acum