" အပိုင်း ၁၂ "

7.5K 806 178
                                    

" ယားးးးး .. "

xing .. အခန်းတံခါးကို ဖွင့်​ဖွင့်​ချင်း လွင့်​လာတဲ့ jun ​အော်​သံနဲ့အတူ.. မျက်​နှာကိုတည့်​တည့်​လာမှန်​တဲ့ .. ​ခေါင်းအုံးတစ်​လုံး ..

မျက်​နှာကိုမိတ်​ဆက်​ပြီး ရင်​ဘတ်​ကို ​လျောကျလာတဲ့ ​ခေါင်းအုံးကို အသာပိုက်​ဖမ်းလိုက်​တုန်း.. အခန်းထဲက jun ကို ကြည့်​မိ​တော့..

အိုးလားလား... ​ကျေးဇူးရှင်​​လေးက .. ကုတင်​​ပေါ်မှာ မတ်​တပ်​ရပ်​​ပြီး က​လေးများ​ဆော့သလို တရစပ်​ခုန်​​ပေါက်​​နေတာ...
Oh .. wait ..
ကုတင်​ပတ်​ပတ်​လည်​မှာ​တော့ Oh Sehun တို့ အရှင်​သခင်​ကြီး အ​မောင်​ vivi က တအုအုနဲ့ ​အော်​လို့ ..

မြတ်​စွာဘုရား..
kim jun တို့ ​မီး​မွှေးတယ်​ ကျန်း...
Xing ​တောင်​မသိလိုက်​ပဲ.. vivi ကို ဘယ်​က ​ခေါ်လာတာပါလိမ့်​ ..
Oh Sehun က .. သူ့ vivi ကို.. ထိရင်​​တောင်​ ကြိုက်​တဲ့လူမဟုတ်​..

" Jun ? "

" ဟာ.. လူဆိုး​ကောင်​ကြီး လာပြီကွ!!! ငါဟဲ့ junရိမ်းဂျားးး... အို.. အို... စီး​တော်​ Super vivi ..
ဟို သိုးမိစ္ဆာကို တိုက်​စမ်း.. ကျားးး.. "

ငင့်​ ..
xing ၀င်​လာတာမြင်​တာနဲ့ .. ခုန်​​ပေါက်​​နေရင်း ရပ်​သွားတဲ့ .. jun ဆီက.. ​ခေါင်းအုံးပျံ​လေး​တွေ လွင့်​လာသလို.. ဟို စီး​တော်​ vivi အဲ​လေ.. sehun ရဲ့ vivi ကလည်း.. xing ကို တအုအုနဲ့ လာ​ဟောင်​​လေရဲ့ ..

အော်​.. ​အော်​ ..
vivi နဲ့ သူ နဲ့ ဟုတ်​​နေကြတာပါပဲလား..

" ကဲ .. jun ​တော်​စမ်း .. 
တော်​.. ရပ်​​နေ.. အဲ့ဒီမှာရပ်​! "

Jun ပစ်​သမျှ .. ​ခေါင်းအုံး​တွေ ဖက်​လုံး​တွေကို မနည်းလိုက်​ဖမ်းရင်း.. xing အတင်း​အော်​​တော့.. ယုန်​​ပေါက်​က တိခနဲ​တော့ ငြိမ်​ကျသွားရှာပါတယ်​.. သွား​လေးဖြီးပြရင်း..

" ထိုင်​.. ကုတင်​​ပေါ်မှာ.. ငြိမ်​ငြိမ်​​လေးထိုင်​​နေ..
အင့်​ .. vivi ​ရော.. ထိုင်​ ..
နှစ်​​ယောက်​လုံး တစ်​စက်​မှ လှုပ်​မယ်​မကြံနဲ့​နော်​..
Jun မားနဲ့ တိုင်​မှာ.. သိတယ်​မလား.. "

" My Baby Gangster "Tempat cerita menjadi hidup. Temukan sekarang