" xing na~~~~~
Yixing ah ~~~~~~
xinggg xinggg ~~~~ "မိုးပြာရောင်.. ရှပ်အပါးလေးနဲ့ .. ပေါင်လယ်လောက်ရှိတဲ့ .. ဘောင်းဘီဖြူစွတ်စွတ်လေးကို ၀တ်ထားပြီး အိပ်ယာပေါ်မှာ ဇောက်ထိုးလှဲနေတဲ့ jun..
ခြေအိပ်မပါတဲ့ ခြေထောက်ဖြူဖြူလေးတွေကို .. မိုးပေါ်မြှောက်လိုက် ပြန်ချလိုက်လုပ်ရင်း .. တစ်ချက်တစ်ချက် ခေါင်းလေးစောင်းကာ.. ဆိုဖာပေါ်မှာ ငုတ်တုတ်အိပ်နေတဲ့ သူ့Xing ဆီကို လည်ပြန်ကာကြည့်ရသေး..
တကယ်တော့.. jun ဆီက.. အသံဆာဆာလေးတွေ.. စထွက်လာကတည်းက .. xing နိုးနေပါပြီ ..
ဒါပေမဲ့ .. အိပ်ချင်စိတ်က မပြေသေးတာရော.. သူနိုးလာတာမြင်ရင်.. ယုန်ပိစိက.. ဆိုးချင်တိုငိးဆိုး နေမှာရောမို့လို့သာ.. မထဖြစ်.." HoHo ah~~~
xing ကြီးကလေ.. "Xing ကို .. နှိုးမရတော့ .. target ပြောင်းသွားတဲ့ jun က .. သူ့ဖက်ဖက်အိပ်နေကျ .. HoHo လို့ နာမည်ပေးထားတဲ့ .. ယုန်ရုပ်အကြီးကြီးကို သွားဖက်ရင်း တအိအိနဲ့ ဘာတွေရွတ်နေမှန်းမသိ..
" xing ကြီးက .. မကောင်းတော့ဘူး.. "
မကျေနပ်တဲ့အရိပ်ရောင်လေးတွေပါနေတဲ့ .. ယုန်ပေါက်ဆီက.. အသံဆာဆာလေးတွေကြောင့် .. xing မျက်လုံးဖွင့်ကြည့်တော့ .. jun က.. ယုန်ရုပ်ကြီးရဲ့ရင်ခွင်ထဲမျက်နှာလေးအပ်ထားရင်း .. ငြိမ်သွားပြန်ရော...
" Baby jun ..
HoHo ကို ဘာတွေတိုင်နေတာတုန်း"xing ခေါ်သံကြားမှ.. ခေါင်းလေးပြန်ထောင်လာတဲ့.. jun က မျက်လုံးလေးထောင့်ကပ်ကာ.. နှုတ်ခမ်းလေးထော်လာတဲ့ထိ .. စဉ်းစားနေဟန်လေး လုပ်ပြတယ်..
ပြီးမှ.. ဟွန့်ခနဲ.. မျက်နှာလေးမဲ့သွားရင်း.. မခေါ်ဘူး ဆိုတဲ့ သဘောနဲ့ xing ဆီကနေ .. မျက်နှာလေးလွှဲသွားလေတယ်...
jun လုပ်နေတဲ့ ပုံစံကို.. xing အူယားစွာ.. ခပ်သောသောရယ်တော့.. jun က ဆတ်ခနဲ ခေါင်းလေးပြန်လှည့်လာပြီး .. နှုတ်ခမ်းလေးကိုက်ပြပြန်ရော..
YOU ARE READING
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...