" ဘာလို့ Jun ကို.. သတ်ခိုင်းရတာလဲ .."
နင့်ခနဲ တိမ်ဝင်သွားတဲ့ အသံနောက်မှာ.. ရုတ်တရက်ကြီး ပျောက်သွားတဲ့ ယုန်ပေါက်လေးအတွက် စိုးရိမ်စိတ်က ထိန်းမရ သိမ်းမရ ..
" Jun က ခင်ဗျားသား မဟုတ်ဘူးလား.. !! မဟုတ်ဘူးလားလို့!!! ဘာလို့ jun့ အပေါ်ဆို အမြဲသွေးအေးပြီး ရက်စက်ရတာလဲ !! "
ဒေါသအရှိန်နဲ့အတူ ကြုံးအော်မိတော့ .. ခါတိုင်းလိုပဲ ထိုင်ခုံမှာ အေးစက်စက်ထိုင်နေတဲ့ .. ခေါင်းဆောင်က .. သူ့ကို စူးခနဲ မော်ကြည့်တယ်..
ဒါကိုလည်း ကျောမချမ်းနိုင်ပါ..
အခု ဖြစ်နေတာ.. jun ရုတ်တရက်ကြီး ပျောက်သွားတဲ့ကိစ္စ.
အချိန်ခနလေးအတွင်း စူပါမားကပ်က ဇွတ်ပြေးလာခဲ့တာတောင်မှ.. ခြေရာလက်ရာ ဘာအစအနမှ မရှိပဲ ပျောက်သွားတဲ့ကိစ္စ .."Junmyeon ကောင်းဖို့ အတွက် ငါလုပ်နေတာ ..
Zhang Yixing!!"လက်ထဲက သေနတ်ကို.. မောင်းတစ်ချက်တင်ရင်း.. ခပ်လေးလေးပြောလိုက်တဲ့ ခေါင်းဆောင်က တကယ့်ကို ကြောက်စရာ.. သွေးအေးတဲ့နေရာမှာတော့ တကယ့်ကိုကြောက်စရာ..
" ဖြစ်နိုင်ရင် .. Jun ကို မနာမကျင်ပဲ
သေသွားစေချင်တာ.. "" ခေါင်းဆောင်! "
" Yixing ! Paul တို့က junmyeon ကို ပြန်ပေးဆွဲသွားပြီဆိုကတည်းက .. jun ကို အမျိုးမျိုးနှိပ်စက်ကြမှာ .. သူ အဲ့လောက်ထိ တောင့်ခံနိုင်မယ်ထင်လို့လား.. "
ဖြတ်ခနဲလက်လာတဲ့ .. ခေါင်းဆောင်ရဲ့ မျက်လုံးတွေကြောင့် .. xing ဆက်ငြင်းခုန်ချင်စိတ်ကို ပြန်ချေပလိုက်ရတယ်.. တဖျတ်ဖျတ်လက်လာတဲ့အရာတွေဟာ.. တခြားဟာ မဟုတ်ပဲ သူ့သားငယ်အတွက် စိတ်မကောင်းဖြစ်မှုကို ပေါ်လွင်နေတဲ့ ..မျက်ရည်တွေဖြစ်နေတာမို့သာ..
" Jun လေးက အရမ်းငယ်လွန်းသေးတယ်..
အဲ့ဒါတွေကြောင့်ပဲ သူ့အနားမှာ မင်းကို လွှတ်ပြီး ငါစောင့်ရှောက်ထားခိုင်းခဲ့တာပဲ.. ဒါပေမဲ့ .. ဒီလိုအခြေအနေမျိုး ရောက်လာတဲ့အခါ .. သူ့အတွက် အကောင်းဆုံးနည်းလမ်းက ... "
![](https://img.wattpad.com/cover/98749266-288-k366316.jpg)
ESTÁS LEYENDO
" My Baby Gangster "
Fanficဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...