" အပိုင်း ၄၇ "

8.6K 787 111
                                    

" တစ်​ခါက​ပေါ့ကွယ်​.. "

" မုန်​လာဥတိုင်းပြည်​ကြီးမှာ.. မုန်​လာဥမင်းသမီး​လေးဆိုတာရှိသတဲ့.. အဟမ်း "

sehun ​ချောင်းတစ်​ချက်​ဟန့်​ရင်း.. ခပ်​တည်​တည်​နဲ့ စကား​ပြောရပ်​လိုက်​​တော့.. သူ့မျက်​နှာချင်းဆိုင်​က​နေ.. မှုန်​ကုတ်​ကုတ်​နဲ့ ထိုင်​​နေတဲ့ .. ယုန်​ပိစိက.. နှုတ်​ခမ်းစူလာ​လေသည်​..

" အဲ့မုန်​လာဥမင်းသမီး​လေးက.. ​ချောလွန်းလှလွန်းလို့.. လက်​ဆက်​ချင်​တဲ့ မင်းသား​တွေလည်း အများကြီး​ပေါ့.. "

ထမင်းစားပွဲတွင်​.. တူ​လေးကိုက်​ကာ.. ငြိမ်​​နေဆဲ.. jun ​ရှေ့ကို sehun .. ပန်းကန်​​လေး အသာတိုး​ပေးရင်း စကားဆက်​ပြန်​သည်​..

" အဲ့လူ​တွေထဲမှာ ကန်​စွန်းရွက်​တိုင်းပြည်​က.. မထင်​ရှားတဲ့ ကန်​စွန်းရွက်​​လေးလည်း ပါတာ​ပေါ့​နော်​.. "

ပြောလည်း​ပြော.. လက်​ကလည်း ​နောက်​တစ်​ပန်းကန်​ကို jun ​ရှေ့တိုး​ပေးလိုက်​ပြန်​သည်​..
အနှီလုပ်​ကြံပုံပြင်​ကို.. ဆိုးဆိုးဝါးဝါး တုံ့ပြန်​ချက်​ မကြားရ၍ Sehun အနည်းငယ်​ စိတ်​ကြီးဝင်​လာ​လေသည်​...

Jun အ​နောက်​မှာ.. မီးဖို​ချောင်​ကို.. ​ကျောမှီရပ်​​နေတဲ့ park chanyeol က​တော့.. အတည်​​ပေါက်​နဲ့ ​နောက်​​နေ​သော sehun ပုံကို တိတ်​တိတ်​​လေးခွီရလွန်းလို့ ဗိုက်​​ကြောများပင်​ ​အောင့်​​နေ​လေပြီ..

" အဲ့​တော့.. ကန်​စွန်းရွက်​​လေးက.. မုန်​လာဥမင်းသမီး​လေးကို.. ​လက်​ဆက်​ချင်​လွန်းလို့ .. မုန်​လာဥတိုင်းပြည်​အထိ.. လိုက်​လာတာ​ပေါ့ကွယ်​.. "

" ကန်​စွန်းရွက်​​လေးက.. တူ​ဝေါယာဉ်​ကြီးကို စီးပြီး... အာ.. jun ​လေး.. ပါးစပ်​ဟ.. "

ပါးစပ်​ကလည်းမနား.. လက်​​ကလည်း မြန်​လှစွာ.. အရွက်​​ကြော်​ ပန်းကန်​ထဲက.. ကန်​စွန်းရွက်​တစ်​ချို့ကို.. တူနဲ့ ညှပ်​ယူပြီး.. jun​လေးကို ခွံ့​တော့... သာမာန်​အချိန်​ဆို တွန့်​လိမ်​​အောင်​ ငြင်းတဲ့ ​ကောင်​ဆိုး​လေးက.. ပုံပြင်​​ကောင်းမှုနဲ့ .. စိတ်​အားထက်​သန်​​နေရင်း.. ပါးစပ်​​လေးဟ​ပေးရှာသည်​..

" My Baby Gangster "Where stories live. Discover now