" အပိုင်း ၄၈ "

3.6K 379 72
                                    

" xingggg.... "

ကျောင်းပိတ်ရက်တော့မဟုတ်ပေမဲ့ စူပုတ်ဂျစ်ကျပြီး ကျောင်းမသွားချင်တဲ့ ပေတိပေစုတ်ယုန်လေးတစ်ကောင်ကို မူကြိုကလေးလို ထိန်းကျောင်းနေရဆဲ ဂန်းစတားကြီးဟာ zhang Yixing ဖြစ်လေသတဲ့။

" xing ကြီးကဟာ.. စကားပြောလေးဟာ..
ပျင်းတယ်လေဟာ.. xing .. oh xing .. xing ~"

စူးရဲတဲ့ အသံလေးနဲ့ yixing နာမည်ကို သီချင်းလုပ်ညည်းနေတဲ့ မျက်လုံးတောက်တောက်နဲ့ ပေါက်စကလေးက သူ့ရှေ့ကို ရောက်လာတဲ့ ရေခဲမုန့်ဆီ အာရုံရောက်သွားပြန်သည် ။ ဘာကြောင့်မှန်းမသိ ဖောင်းကားနေတဲ့ ပါးလေးနှစ်ဖက်နဲ့ junလေးက ဒီနေ့မှ ဆွဲကိုက်ချင်စရာကောင်းအောင် ချစ်ဖို့ကောင်းနေတော့ yixingခမျာ ရေခဲမုန့်ကို အလုပ်ကြီးကြီး ပါးစပ်ထဲထိုးထည့်ရင်း မျက်နှာလွှဲလိုက်ရသည့်ဖြစ်အင် ..

မြတ်စွာဘုရား! အေးလိုက်တာ!

ကိုယ့်ဟာကိုယ် ရှက်ရမ်းရမ်းပြီး ထိုးထည့်ထားတာမို့ ပါးစပ်အပြည့်ဖြစ်နေတဲ့ ရေခဲမုန့်တွေကို ရင်ဘတ်ထုရင်း အတင်းမြိုချတော့ မျက်လုံးလေးဝိုင်းလို့ ကြည့်လာတဲ့ ယုန်ပိစိက အစက အံ့အားသင့်တဲ့ ပုံပေါ်ပေမဲ့ တဖြည်းဖြည်း နှုတ်ခမ်းလေးစူလာသည် ၊

" သူ့ဟာကို လုစားမှာလည်းမဟုတ်ပဲနဲ့ ..
အကုန်မြိုချပစ်တယ် xing က ကလေးလား "

နီဖတ်နေတဲ့ နှုတ်ခမ်းလေးနဲ့ ပွစိပွစိရွတ်တဲ့ junဟာ ခေါင်းလေးစောင်းပြီး အလိုမကျဟန် ပြုမူတယ်၊ မျက်ခုံးလေးတွေဟာ ချစ်စဖွယ် ကွေးလို့ ၊ ပြီးတော့မှ လူကြီးလေးလို သက်ပြင်းမှုတ်ထုတ်လိုက်တဲ့ဟန်လေး လုပ်ပြတယ်

အဲ့ဒီ့အမူအယာတွေနဲ့ လူကို အသေသတ်နေတာများလား ?

" ဖွဖွ.. အေးသွားပြီမလား "

သူ့ပါးနှစ်ဖက်ကို မထိတထိလေး လာပွတ်ပေးတဲ့ လက်ကလေးနှစ်ဖက်ကို xing က သူ့လက်ချောင်းတွေအကြားမှာ ပြန်ဖမ်းအုပ်ထားတော့ jun က ချစ်စဖွယ် ရယ်ပြန်တယ်၊ မျက်လုံးလေးမှိတ်သွားတဲ့ထိ ခိုးခိုးခစ်ခစ်ရယ်ပြနေတာမို့ သူ့မှာ အသည်းယားရုံကလွဲ ဘာမှမတက်နိုင်တဲ့ ဘ၀။

" jun ကလေ.. jun က..
xing အေးတာ သက်သာအောင်လုပ်ပေးမယ်နော် "

" အင်း "

" My Baby Gangster "Место, где живут истории. Откройте их для себя