" အပိုင်း - ၉ "

7.7K 827 65
                                    

လင်းထင်း​နေ​သော အခန်း​လေးအတွင်း.. jun တစ်​​ယောက်​.. ဆရာကြီးဒီဇိုင်းနဲ့ ခပ်​​ချေ​ချေ လက်​ပိုက်​ကာ.. သူ့​ခြေရင်းက ဆိုဖာခုံ​လေးတွင်​ ကျုံ့ကျုံ့​လေးထိုင်​​နေရှာ​သော.. Sehun ကို တရားခံစစ်​သလို.. မျက်​လုံး​လေး ​မှေးကာ ကြည့်​​နေသည်​​လေ..

" ဒီမှာ.. ဒီမှာ.. Sehunnie ..
အခုအချိန်​ jun ​မေး​နေတုန်း အမှန်​တိုင်း​ပြောလိုက်​စမ်းပါ.."

ကိုယ့်​ထက်​အကြီးကို.. ဘယ်​လိုပြင်​​ခေါ်ခိုင်းခိုင်း မပြင်​​လေသည့်​.. Sehunnie ဟု ​ခေါ်ခံရသည့်​အပြင်​.. အထက်​စီးက​နေ.. ခပ်​​ချေ​ချေ ဟန်​အမူအရာနှင့်
ပြော​နေ​သော.. ယုန်​ကိုယ်​​တော်​ကို.. Sehun စိတ်​ရှိတိုင်းသာဆို.. တင်​ပါး​လေး အသာလှန်​၍ ခပ်​စပ်​စပ်​​လေး .. ရိုက်​ပစ်​ချင်​ပါ​သော်​ငြား..
တစ်​မိုး​အောက်​ zang yixing၏ မျက်​နှာကို ​ကြောက်​လို့သာ...

" ဟိုလူကြီး.. ဘယ်​မှာတုန်းဆို​နေ! "

တဖြည်းဖြည်း စိတ်​မရှည်​လာပုံရ​သော.. Jun က အိပ်​ယာ​ပေါ်ကို စိတ်​ပျက်​လက်​ပျက်​ ​ခွေ​ခေါက်​လှဲချရင်း.. ခပ်​ညီးညီးအသံ​လေးနဲ့ အင့်​ခနဲ .. အဲခနဲ .. ဘာ​တွေ ဆက်​ရွတ်​​နေသည်​မသိ..

သည်​ကြားထဲ.. တစ်​ခါတစ်​ခါ.. မျက်​​စောင်း​သေး​သေး​လေးနဲ ဂျိုကြည့်​လှမ်းကြည့်​ရင်း .. sehunnie ကို မုန်းတယ်​ ဆိုတာက.. ပါလာတတ်​​သေး..

xing တစ်​​ယောက်​ သတင်းမ​ပေးဘာမ​ပေး.. တစ်​ည​လောက်​​ပျောက်​သွားရသည်​ကို.. သူက..
မသိရင်​.. မုန်​လာဥ အလုခံရသည့်​ယုန်​နှယ်​..
မပြီးနိုင်​မစီးနိုင်.. ပွစိပွစိ..

" ဟာ့.. မသိ​တော့ဘူးကွာ့.. "

ဆောင့်​​ဆောင့်​​အောင့်​​အောင့်​​လေး ထပ်​ထွက်​လာ​သောအသံ​လေးနဲ့အတူ.. ၀တ်​ထား​သော.. ​ခြေအိပ်​အဖြူ​လေးကို.. သူ့​ခြေ​ထောက်​နဲ့ သူ လုံး​ထွေးစွာ.. ချွတ်​​နေ​တော့.. Sehun အလိုက်​တသိ.. ထချွတ်​​ပေးလိုက်​ရသည်​..

Xing အချစ်​​တော်​ ယုန်​လုံး​လေးက​တော့.. xing ပြန်​မလာ​သေး​သော အမှု​ကြောင့်​ ... သူ သိပ်​ချစ်​ရပါသည်​ဆို​သော သူ့အစ်​ကို​တော်​ sehun ကိုပင်​ ​လေးစားစွာပဲ.. မျက်​​စောင်းခဲ၍ မဆုံး..

" My Baby Gangster "Donde viven las historias. Descúbrelo ahora