" xing .. xing .. xing .. "
နောက်ဘက်ကနေ.. xing နာမည်ကို.. မနားတမ်းရွတ်နေတဲ့ အကောင်ပေါက်လေးကို.. သူ အနည်းငယ်.. စိတ်ဆိုးချင်ယောင်ဆောင်နေတာမို့ .. လှည့်ကြည့်လို့ လုံးဝမဖြစ်..
" Xinggggggggggg !..
ဟာ... xingxingggg.. ah .. အဟွတ်.. အဟွတ်.. "ခေါ်ရင်းတန်းလန်း ချောင်းတွေပါ ဆိုးလာတာမို့.. xing ဆက်စိတ်မဆိုးနိုင်.. အလန့်တကြား.. လန့်ကြည့်တော့.. ကလေးစုတ်က.. ချောင်းဆိုးရင်းတန်းလန်း .. သွားလေးအသာဖြဲပြသည်..
" Xing ကို * အဟွတ်* ခေါ်နေတာကို.. "
ဖြူဆွတ်ဆွတ်ရှပ်ခပ်ပွပွကို ၀တ်ထားတဲ့.. ယုန်ပေါက်လေး jun ဟာ.. သူထိုင်နေတဲ့ .. အိမ်ရှေ့ပန်းခြံက
စိမ်းဖန်နေတဲ့ မြက်ခင်းပြင်နဲ့ ပန်းချီကားလေးတစ်ချပ်လို.. ပနံသင့်နေပါရော.." Xingg ဆိုနေ.. * အဟွတ် * * အဟွတ်* .. အ .."
မရပ်မနားနိုင်.. မျက်နှာလေးတွေနီလာသည်အထိ.. ချောင်းတွေဆိုးနေတဲ့ jun နားကို .. xing သက်ပြင်းတစ်ချက်ချရင်း ထိုင်ချလိုက်တော့.. jun က မောသွားဟန်နဲ့ .. xing ပုခုံးပေါ်ကို ခေါင်းလေးမှီတွဲ့လာပါရော..
" Xing ပြောတယ်မလား.. အချိုတွေအများကြီးမစားနဲ့ဆိုနေ.. အခုတော့ ဖြစ်ပြီ.. "
အသက်ကိုဖြည်းဖြည်းလေး ရှိုက်ကာ.. ငြိမ်သက်နေသော.. jun ကျောပြင်လေးကို.. xing အသာ ခပ်ဖွဖွပွတ်ပေးလိုက်ရင်း.. အနည်းငယ် ဆူမိတော့ .. jun က မကြိုက်သလို နှုတ်ခမ်းလေးထော်ကာ.. xing ပုခုံးပေါ်ကနေ.. ခေါင်းလေးဖယ်သွားသည်..
" အချိုစားလို့မှမဟုတ်တာ.. နည်းနည်းလေးသီးသွားလို့ကို..
လာဆူတယ် .. Zang Yixing shii.. !
ဟွန့်နော်.. ဟွန့် .. "" ဟော.. စိတ်ကောက်ပြန်ပြီလား.. ဟဟ.."
jun ရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာလေးကို.. xing ရယ်မောလိုက်ရင်း.. jun ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးတော့.. ယုန်ပိစိက မျက်စောင်းလေးနဲ့ ကြည့်သည်..
CITEȘTI
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...