" အပိုင်း ၁၇ "

6.2K 710 68
                                    

" မင်း.. "

Hwa အံ့သြစွာ.. ​ကောင်​​လေးကို ​မော့ကြည့်​မိ​တော့.. ​ကောင်​​လေးက စူးစမ်းသလို မျက်​နှာ​လေးနဲ့ .. hwa နား ဘုတ်​ခနဲ ထိုင်​ချသည်​..

" ထနိုင်​လားဟင်​.. အများကြီး နာသွားတာလား..
ဟုတ်​လား.. "

က​လေး​လေးလို.. ​ခေါင်း​လေး ဟို​ဟိုသည်​သည်​ ရမ်းရင်း​ပြော​နေ​သော.. ထို ဖြူဖတ်​ဖတ်​​ကောင်​​လေးက .. Hwa ကို .. စိတ်​လိုလက်​ရ ပြုံးပြရင်း.. Hwa လက်​​မောင်းကို အတင်းဆွဲထူသည်​..

" ဖွ.. ဖွ.. မနာ​တော့ဘူး​နော်​..
ထနိုင်​တယ်​မလား.. jun ထူ​ပေးမယ်​​လေ.. ​နော့ ..
ဖွ.. ဖွ.. ဥုံ .. ​ပျောက်​​စေ .. ဟီး.. "

Hwa ရဲ့ .. ​ဘောင်းဘီသား​လေးကို ပါ ဖုန်​ခါ​ပေးသလို.. တဖုတ်​ဖုတ်​ခါ​ပေးရင်း.. မျက်​စိ​လေးမှိတ်​​နေ​အောင်​ ရယ်​ပြရင်း.. hwa လက်​ကို အတင်းဆွဲထ​သော်​လည်း.. hwa ခန္ဓာကိုယ်​ကို.. ​သေး​သေး​လေးက .. မဆွဲနိုင်​ ..

အဲ့အခါမှာ Hwa သတိဝင်​ကာ ဆတ်​ခနဲ မတ်​တပ်​ထရပ်​လိုက်​​တော့.. ဟို​သေး​သေး​လေးက .. အရှိန်​လွန်​သွားလို့ .. ​နောက်​ပြန်​လဲမတပ်​ဖြစ်​သွားတာမို့.. Hwa အလန့်​တကြားနဲ့ ပြန်​ဆွဲလိုက်​​တော့.. 
ကောင်​​လေး​ခေါင်းက.. hwa ရင်​ဘတ်​နဲ့ ၀င်​တိုက်​မိသည်​ထင့်​..

သူ့နဖူး​လေး သူပွတ်​ရင်း.. အ​တော့်​ကို နာသွားဟန်​ ..မျက်​နှာ​လေးမဲ့ကာ.. Hwa ကို မျက်​​စောင်း​လေးထိုးရင်း ​မော့ကြည့်​လာသည်​..

" ​ဆောရီး.. နာသွားလား.. "

Hwa .. သူ့ကိုယ်​သူ​တောင်​ သတိမထားမိခင်​မှာပင်​.. ​ကောင်​​လေးရဲ့ နဖူးကို လက်​​လေးနဲ့ ပွတ်​​ပေးလိုက်​ရင်း..
တောင်းပန်​မိ​တော့.. ​ကောင်​​လေးက.. မျက်​​မှောင်​​လေးကုတ်​ရင်း.. နှုတ်​ခမ်းစူသည်​..

"ဘာလဲ .. မ​ကျေနပ်​လို့ လက်​စား​ချေတာလား.. ခင်​ဗျားကြီးကဗျာ..
jun က မ​တော်​တဆ​လေး ၀င်​တိုက်​မိတာကို.. ပြန်​လုပ်​တယ်​.. အကျင့်​ကို မ​ကောင်းဘူး.... "

သူ့နဖူး​ပေါ်က .. hwa လက်​ကို ဘတ်​ခနဲ ပုတ်​ချလိုက်​ရင်း.. တကယ့်​ကို မ​ကျေနပ်​​နေသလိုပုံစံနဲ့ .. ​ခြေ​ဆောင့်​ကာ.. ပွစိပွစိရွတ်​​နေ​သော ​ကောင်​​လေးဟာ.. တကယ့်​ကို က​လေးပုံစံ..

" My Baby Gangster "Where stories live. Discover now