" အပိုင်း ၄၂ "

5.8K 747 128
                                    

" xinggg... ~
အဟင့်​ .. jun ကို ကယ်​ပါဦး.. "

yixing တစ်​​ယောက်​.. company သွားဖို့ ပြင်​ဆင်​​နေတုန်း.. ​နောက်​က​နေ.. ငို​တော့မလို အသံ​လေးနဲ့ ထ​အော်​တဲ့ ယုန်​ပိစိ​ကြောင့်​.. အင်္ကျီကြယ်​သီးတပ်​​နေတာ​လေး​တောင်​ တွန့်​ခနဲ..။

ဘာများဖြစ်​​နေသလဲလို့ လှည့်​ကြည့်​​တော့.. ​ကျေးဇူးရှင်​​လေးက.. ​ကျောင်းဝတ်​စုံ အဖြူ​လေး ၀တ်​ထားရင်း. နက်​ခ်​တိုင်​နဲ့ နပန်းလုံး​နေတယ်​​လေ..။

" ကြည့်​.. jun က​လေ.. ဒါကြီးမချည်​တတ်​ဘူး..
jun ကို ချည်​​ပေးပါ.. "

ပြော​ပြောဆိုဆို.. နက်​ခ်​တိုင်​ အနီ​ရောင်​စ​လေးကို.. သွားနဲ့ ကိုက်​လာတဲ့ ယုန်​ပိစိက xing ကို ခုန်​ဆွဆွနဲ့ ​ရောက်​လာ​လေရဲ့ .. ။

ဘယ်​လို က​လေးဆိုး​လေးမှန်းကို မသိပါဘူး..
နက်​ခ်​တိုင်​​လေး မချည်​နိုင်​တာကိုပဲ.. ကယ်​ပါ ယူပါနဲ့.. ဒီကလူက​တော့ .. ရင်​ထဲထိတ်​သွားရ​တာ.. သူ​လေးမသိ..။

" xing .. "

" hmm... "

နက်​ခ်​တိုင်​စည်း​ပေး​နေတာကို.. ​ခေါင်း​လေး​မော့ကာ.. ငြိမ်​ခံ​နေတဲ့ .. အပြစ်​ကင်းတဲ့ မျက်​နှာဖြူဥဥ ပိုင်​ရှင်​.. jun ရဲ့ အဖြူထည်​ မျက်​လွှာအိမ်​​လေး​တွေဟာ.. ကြယ်​​လေးတစ်​ပွင့်​လို တဖျတ်​ဖျတ်​​တောက်​လျက်​.. ။

ဒီက​လေး​လေးဟာ.. မျက်​လုံး​လေး​တွေ မှိတ်​ကျတဲ့ထိ.. ပုခုံး​လေးတွန့်​ရင်း..ရယ်​တဲ့အခါ သိပ်​ကို ချစ်​ဖို့​ကောင်းသတဲ့..။

" jun ကို နမ်းကြည့်​.. "

ရုတ်​တရက်​ကြီး .. ပုခုံး​လေး.. လာသွယ်​ယှက်​တဲ့ လက်​​မောင်းသား ဖြူဖြူ​လေးကို ခံစားလိုက်​ရရင်း.. ​ခေါင်း​လေး​မော့.. မျက်​လုံး​လေး မှိတ်​ရင်း.. နှုတ်​ခမ်းစူပြတဲ့ jun ဟာ.. သူ့အကျင့်​​လေးအတိုင်း.. ​ခြေဖျား​လေးကလည်း ​ထောက်​ထားရပါ​သေး..။

သူ့အလိုကျ.. ဖျတ်​ခနဲ နှုတ်​ခမ်းသား ပါးပါး​လေးကို.. ခပ်​ဖွဖွ​လေး ထိ​ပေး​တော့.. တခစ်​ခစ်​ရယ်​တဲ့ က​လေးငယ်​က.. တခန အတွင်း.. မျက်​နှာ​လေးမဲ့ပြသွားတာမို့.. ရင်​ဘတ်​ထဲက​လဲ.. ထိတ်​ခနဲ..။

" My Baby Gangster "Où les histoires vivent. Découvrez maintenant