ခဲပြာရောင် အနောက်တိုင်းဝတ်စုံ.. ရင်ဘတ်နားက.. ပန်းတစ်ပွင့်ထိုးထားကာ .. တင့်တယ်ခမ်းနားသော မင်္ဂလာပွဲမှ.. Zhang yixing ..
" ဂုဏ်ယူပါတယ်.. "
"အာ.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.. "
ခန်းမအပေါက်ဝတွင်.. မတ်တပ်ရပ်ကာ.. ပွဲတတ်ရောက်လာတဲ့ .. ဧည့်သည်မှန်သမျှကို.. လက်ဆွဲကာ.. နှုတ်ဆက်ရင်း ပြုံးပြနေသတဲ့ ..
" Junmyeon ၀တ်စုံလဲပြီးသွားပြီ..
သွားကြည့်လိုက်ဦး.. "ဘေးနားတွင်ကပ်ရပ်လာသော.. အပြာရောင်အနောက်တိုင်းဝတ်စုံနဲ့ kris က.. yixing နားကပ်လာရင်း.. ခပ်တိုးတိုးလာပြောတာမို့.. xing ဧည့်သည်ကြိုနေရာကနေ နားနေခန်းသို့ ထွက်လာမိတော့..
" ပြန်မယ်.. မနေဘူးဆိုနေ.. zi!! "
နားနေခန်းဝကနေ.. ကြားလိုက်ရသော.. ခပ်စွာစွာအသံလေးကြောင့် .. xing တိုးဖွဖွရယ်လိုက်ရင်း..
အခန်းတံခါးလေးဖွင့်လိုက်တော့.. zi ကို ရန်လုပ်နေတဲ့.. ခဲပြာရောင်ဝတ်စုံလေးနဲ့ jun .." Jun .. "
xing ခေါ်သံကြောင့် .. နှုတ်ခမ်းလေးစူထော်ကာ ဘာလဲ ဆိုပြီး ဂျိုကြည့်ပြန်ကြည့်လာတဲ့ jun ဟာ.. တကယ်ကို သူလုပ်ချင်ရာမလုပ်ရလို့ စိတ်ကောက်နေသတဲ့ ..
" junnie လေး.. Xing ဆီ.. လာပါဦး..
နမ်းကြည့်ရအောင်.. junလေးက မွှေးလားလို့ .. "လက်နှစ်ဖက်ကို ဆန့်တန်းပြီး ခေါ်လိုက်မှ.. zizi ကို ရန်ထောင်နေတဲ့ ယုန်ပေါက်ဟာ.. ဟွန့်ခနဲ.. စူပုတ်နေရင်းနဲ့မှ.. xing ရင်ခွင်ထဲ ၀င်လာလေရော..
" အားး.. ကလေးလေးက.. မွှေးလိုက်တာကွာ..
Zi ကို ဘာတွေဆိုးနေတာတုန်း.. ပြောစမ်းပါဦး.. ပိစိရဲ့.."jun ခေါင်းလေးကို ငုံ့ကာနမ်းလိုက်ရင်း .. xing ရဲ့ ချော့သလို အမေးကြောင့် .. နောက်က kris နဲ့ ဆင်တူ အပြာရောင် အနောက်တိုင်းဝတ်စုံလေးနဲ့ zi က လူကြီးလေးလို ခပ်တိုးတိုးရယ်လိုက်ရင်း.. မှန်ရှေ့ကို ပြန်ထိုင်ကာ.. သူ့ကိုယ်သူ သနေရဲ့ ..
![](https://img.wattpad.com/cover/98749266-288-k366316.jpg)
YOU ARE READING
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...