" Baby jun .. ကိုယ် စိတ်မတိုချင်ဘူးနော်.. "
ဧည့်ခန်းထဲမှာ.. yixing တစ်ယောက်.. ခါးထောက်ရပ်ရင်း.. မျက်မှောင်ကို ကြုပ်ကာ ဒေါသအမတန် ထွက်နေပါသည်ပေါ့ .. ဒါတောင်.. သူ့ကို အူကြောင်ကြောင်လေး မော်ကြည့်နေတဲ့.. jun ကြောက်အောင်ကလည်း.. အံက ကြိတ်ထားရသေး..
ဘယ်နှယ့် ..
စာမေးပွဲဖြေဖို့နီးလာတာမို့ ..
အစမ်းစာမေးပွဲဆိုပြီး ဖြေခိုင်းထားပါတယ်.. စာရေးရမှာပျင်းလို့ဆိုပြီး.. အဖြေစာအုပ်ထဲ ကာတွန်းပုံတွေချည်းဆွဲပြီး.. လာတင်တယ်.. ဘယ်လောက်ဆိုးတဲ့ ကလေးလဲ... ကြည့် .."ကစားချိန်ကစားတာ.. ဘာမှမဖြစ်ဘူး..
စာလုပ်ချိန်တော့ စာလုပ်ရမှာ..
ya! Kim junmyeon !!"သူဆူနေတာတောင်.. အောက်ကနေ.. လက်ကလေးပိုက်ရင်း မကျေမနပ် ပွစိပွစိလေးပြန်ရွတ်နေတဲ့ .. jun ကို.. စိတ်မရှည်စွာအော်မိတော့.. jun က ဆတ်ခနဲ.. မျက်မှောင်လေးကြုတ်ပြရင်း.. နှုတ်ခမ်းစူတယ်..
" ကလေးကို မအော်ပါနဲ့ ! "
သူ့ကို ဘာမှတောင် မပြောရသေး.. စူးနေတဲ့ အသံလေးနဲ့ ပြဲလန်အောင် ပြန်အော်တဲ့ ယုန်ပိစိက .. နှုတ်ခမ်းပါးလေးကို.. ဘဲနှုတ်သီးလိုထော်.. ခေါင်းကြီးပြန်ငုံ့သွားရင်း.. ဟွန့်ခနဲတောင်.. မဲ့ပြလိုက်သေးတာ..
Yixing ဘာမှဆက်မဆူပဲ.. သူ့ကို ရှုတည်တည်နဲ့ ကြည့်နေတော့လည်း.. xing အသံမကြားရလို့.. တစ်ချက်ပြန်မော့ကာ.. မျက်စောင်းလေးကထိုးပြီး.. ဆူဆူအောင့်အောင့်လေး လုပ်နေတဲ့ ပုံကိုက.. ကိုင်ပေါက်ချင်စရာအတိ..
"ကဲ.. ဒီကိုကြည့် .. အဲ့လိုဆို jun မှားတာကို ..
Xing က မဆူရဘူးလား..!"စိတ်တိုနေလည်း ဘာမှထူးမနေတာမို့...
လေသံအေးနဲ့သာ.. Jun ဘေးနားဝင်ထိုင်ပြီး..ချော့ချော့မော့မော့ ပြောကြည့်တော့.. jun မျက်နှာလေးမဲ့ကာ.. ခေါင်းလေးယမ်းပြသည်.." ဒါပေမဲ့.. Xing ဆူတာကြီးကို မကြိုက်ဘူး.. "
သူ့ဘက်ကို .. လက်ညိုးလေးထိုးပြရင်း.. နှုတ်ခမ်းလေးကိုက်ကာ.. သက်ပြင်းတစ်ချက်ချလေသော.. jun်ပိစိ.. မသိရင်.. မုန်လာဥပျောက်လို့ စိတ်ညစ်နေတဲ့ ယုန်ပေါက်နှယ်..
YOU ARE READING
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...