" မင်း university ကို အဝေးကနေ ဖြေပြီး company ကို ဦးစီးဖို့လိုပြီ.. Yixing ..
ငါ ပြောတာ မင်း နားလည်မှာပါ.. "တောင်းဆိုခြင်းမဟုတ်သော.. ခက်ထန်ထန်အမိန့်သည်.. ထူလွှလွှနှုတ်ခမ်းအစုံမှ ကျလာသည့်အခါ.. သူလည်း အမိန့်ကို နာခံဖို့ အဆင်သင့်ပင် ဖြစ်နေလေပြီ..
" မင်း ပြောသလို.. jun ကို ဒီကိစ္စတွေ အကုန်မဆက်ခံ စေချင်ရင်.. သူ့အစား မင်းက.. မှောင်ခိုလုပ်ငန်းတွေ ချုပ်ကိုင်ရမယ်.. company က ဗန်းပြဆိုတာ.. မင်းသိထားတယ် မလား.. "
" ဟုတ်ကဲ့ .. ခေါင်းဆောင်.. "
အေးစက်နေသော.. မျက်ဝန်းအိမ်ခပ်ကြီးကြီးနှင့် ခေါင်းဆောင်၏ မျက်နှာသည် အမြဲအစဉ် မာကြောနေသည့်တိုင်.. မကောင်းမှုဟူသမျှ အကုန်လုပ်ကိုင်သောသူ.. ။
အခုတော့.. သူ့သား jun အစား ယုံကြည်စိတ်ချရတဲ့ လူယုံ yixing ကို လွှဲပေးသည်ပေါ့ .." ပြောစရာမရှိရင် .. ကျွန်တော် သွား ... "
" jun ရဲ့ omma က နောက်အိမ်ထောင်ပြုပြီး.. Korea ကနေ အပြီးထွက်သွားတော့မယ်လို့ ကြားတယ်.. "
ခပ်တိုးတိုးပြောလာသော.. ခေါင်းဆောင်စကားကြောင့်.. လှည့်ဟန်ပြုသော.. ခြေလှမ်းတို့ပင် တန့်ခနဲ ဖြစ်ရကာ.. စိတ်ကပါ ပူထူလာရလေသည်...
ကိုယ့်သွေးသားဖြစ်တဲ့ jun အပေါ် ဘာလို့များ သည်လောက်ထိ စိမ်းကားရက်ပါသလဲ..
" မင်း.. jun ကို ချစ်တာသေချာရင်..
သူ့ကို မထိခိုက်စေပဲ အဆုံးထိစောင့်ရှောက်ပါ.. yixing.. အခုချိန်ကစပြီး.. မင်းက kim အိမ်တော်ရဲ့ အိမ်ကြီးသခင်ဖြစ်သွားပြီ.. "ထပ်မံတိုးဖျော့ဝင်သွားတဲ့ စကားအချို့နဲ့.. ခေါင်းဆောင်က.. ပြတင်းပေါက်ဘက်ကို အသာငေးရင်း ပြောလေသည်.. သူ.. လက်သီးတစ်ချက်ကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ရင်း.. ခေါင်းဆောင်ပြောသမျှကို ခပ်ငြိမ်ငြိမ်လေး နာခံလိုက်မိတော့.. ခေါင်းဆောင်က ဖျတ်ခနဲ ပြုံးလိုက်သလို..
YOU ARE READING
" My Baby Gangster "
Fanfictionဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...