🌸< Special part with readers >🌸
Please feel yourself as a character
" Jun's senior noonas " .Thank you ~ ❤️
______________________________________
" ဟယ်.. junmyeon လေး.. အားရီးဂူးး.. ငါတို့ကလေးလေး "
အတန်း၏ အားကစားချိန်မို့ .. jun တစ်ယောက်တည်း.. ဘောလုံးမကန်ချင်လို့ ထိုင်နေကာမှ .. အနားကနေ.. ခေါင်းလေးပုတ်လိုက်.. ပါးလေးဆွဲလိုက်နဲ့ .. လာအူယားနေကြသော.. စီနီယာမမများ..
" အာ.. မမတို့ကလည်း ! ..
jun က ကလေးမဟုတ်ပါဘူးဆိုနေ.. "မမတွေရဲ့ လက်ဆော့မှုကြောင့် ပုံပျက်သွားတဲ့ ဆံပင်ကို.. ပြန်သပ်ချလိုက်ရင်း.. စူပုတ်ပုတ်လုပ်မိတော့.. မမတွေက .. ချစ်စရာလေးဆိုပြီး.. ပိုလို့တောင် ခေါင်းက ဆံပင်တွေကို လာဖွသေး.. -____-
မကြိုက်ပါဘူးဆိုနေ..
" Jun စိတ်တိုလာပြီနော်! "
ဝုန်းခနဲနေရာကနေ.. ထပြီး.. ခြေဆောင့်ကာ.. တအင့်အင့်နဲ့ ငိုမဲ့မဲ့ပုံစံဖြစ်သွားတဲ့ jun ကိုမြင်တော့လည်း.. စီနီယာမမတွေက အလန့်တကြား..
သူတို့ပါလာတဲ့ စာအုပ်ကလေးတွေနဲ့ .. ကလေး စိတ်ပြေအောင် ယပ်တောင်လေးတွေခပ်ပေးကြ...
အိတ်ထဲက ချိုချဉ်လေး ထုတ်ကျွေးပြီး ချော့ကြနဲ့ ..
ပလူကိုပျံရော.. တစ်ချို့ဆို.. jun ဖို့ ရေခဲမုန့်တောင် သွားပြေးဝယ်ပေးကြသေး..ပလူပျံမှလည်း ဖြစ်မယ်လေ..
တော်ကြာ.. သူတို့ကြောင့်ဆိုပြီး.. jun ငိုသွားကြည့်ပါလား..
သူ့ အချစ်တော်ဂန်းစတားကြီး Zang yixing လက်ချက်နဲ့မသေခင်.. ဟို သူ့အစ်ကိုဝမ်းကွဲ .. Oh Sehun ရဲ့ နဂါး မျက်စောင်းကြောင့် အရင်ပြာကျသွားမှာ..အဲ့တော့.. kim jun မငိုရေး.. တို့အရေး.. အဲလေ..
စီနီယာမမတွေရဲ့ အရေး..

ESTÁS LEYENDO
" My Baby Gangster "
Fanficဂန်းစတား တအားဖြစ်ချင်တဲ့ ယုန်ပေါက်လေးနဲ့ တကယ့်ဂန်းစတားကြီး ကိုကိုသိုး တို့ တွေ့ဆုံကြတဲ့အခါ...