" အပိုင်း ၂၃ "

6K 699 66
                                    

" Zang Yixing !! "

ဆောင့်​ခနဲ ထွက်​လာတဲ့ အသံခပ်​စိမ်းစိမ်းရဲ့​နောက်​မှာ.. xing ​အ​မှောင်​ရိပ်​က လူကို တစ်​ချက်​ ဦးညွှတ်​ရင်း အရိုအ​သေ​ပေးလိုက်​တယ်​..

" မင်း လူ​တွေကို အ​သေမသတ်​ပဲ လွှတ်​​ပေး​နေတာ​တော်​သင့်​ပြီ.. မဟုတ်​ရင်​.. ငါတို့ အားလုံး အန္တရာယ်​ များလာနိုင်​တယ်​.. "

" .. "

" အထူးသဖြင့်​ .. Black Wings ပဲ..
သူတို့က .. ငါတို့နဲ့ Paul တို့ကြားမှာ မသိမသာ ​ခြေထိုး​နေတာ.. "

" ​ဒေါက်.. "

မော်​ကြည့်​လာတဲ့ ​အေးစက်​စက်​ မျက်​၀န်း​တွေနဲ့ ..
ဖြတ်​ခနဲ.. စားပွဲ​ပေါ်တင်​​ပေးလိုက်​တဲ့ .. အနက်​​ရောင်​ ​အသံတိတ်​​သေနတ်​တစ်​လက်​..

" အခု Hwa ကို အရင်​ရှင်းပါ.. "

တင်းခနဲ.. ဖြစ်​သွားတဲ့ လက်​သီးတစ်​ဖက်​နဲ့ .. လှိုက်​ခနဲဟာ​သွား​သော.. ခံစားချက်​..
သို့​ပေမဲ့ .. အမိန့်​ကို ငြင်းဆန်​လို့ မရတာမို့.. ​ခေါင်းတစ်​ချက်​ဆတ်​ပြရင်း.. ​သေနတ်​ကို ဆွဲယူခဲ့ရတယ်​..

" သူ.. အခု.. မင်းသိတဲ့လူတစ်​​ယောက်​နဲ့ အတူရှိ​နေလိ​မ့်​မယ်​.."

လှမ်း​နေတဲ့ ​ခြေလှမ်း​တွေက.. ဘာကိုဆိုလိုလိုက်​မှန်းမသိလို့ တန့်​ခနဲ ရပ်​သွား​သော်​ငြား.. ပြန်​​မေးချင်​စိတ်​လည်း မရှိ​တော့တာမို့ .. အခန်းပြတင်း​ပေါက်​က​နေ.. ထွက်​လိုက်​ရင်း.. ၀ရန်​တာတဆင့်​ ​အောက်​ကို ​ပေါ့​ပေါ့ပါးပါး.. ခုန်​ချလိုက်​တယ်​..

မင်း သိတဲ့ လူတစ်​​ယောက်​ဆိုတာ.. ?

စိတ်​​ရှုပ်​​ထွေးစွာ.. ​သေနတ်​ကို ခါးမှာထိုးရင်း လမ်းကြိုလမ်းကြားထဲမှာ ထိုးထားတဲ့ .. ကားကို ယူပြီး.. အိမ်​ကို ပြန်​ဖို့ထက်​.. ဟိုဟိုသည်​သည်​ ​လျှောက်​​မောင်းဖို့သာ.. အာရုံစိုက်​ပစ်​လိုက်​တယ်​..

ညက .. သိပ်​မနက်​​ပေမဲ့ .. ​ဆောင်းည 10 နာရီဆို​တော့ လူ​တောင်​ အ​တော်​ရှင်း​နေပြီ...

မီးနီမို့ .. ကားရပ်​ထားရတုန်း.. လူကူးလမ်းက​နေ.. ဖြတ်​သွား​သော.. ​ဦးထုတ်​ကို ခပ်​ငိုက်​ငိုက်​​ဆောင်းထားတဲ့ .. Hwa..

" My Baby Gangster "Dove le storie prendono vita. Scoprilo ora