အခန်းငါး

405 33 5
                                        

မနက်ကို ငါးနာရီ နီးနီး တအိမ်လုံး ရှိတာ ပြန်ပြင်ကြပြီ။ ဝါလေးလည်း ခြေထောက် အနည်းငယ်သက်သာ၍ ထ၍ နဂိုအတိုင်းပင် အိမ်သန့်ရှင်းရေးလုပ်ဆဲ။ အခုထိ မေ့မြောလို့ အိပ်လို့ ကောင်းနေဆဲ ဦးကို စောင့်ရှောက် လျက်ပေါ့။ မြရယ်၊ ကြယ်ရယ်က လိုမည့် သစ်သီး စေ့ များသွားဝယ်သည်။ နေရယ်၊ ထွန်းရယ်က လာမည့် ကား ကို ထွက်စောင့်သည်။ ဟော! ကျုံးတို့ မြင်ဖူးနေကျ သံကြေးတက်နေသည့် ကုန်တင်ကားမဟုတ်။ သင်အင်တို့ကို ပညာရှိ မျိုးရိုးလို့ ထွန်းမြတ် တယောက်ပြောလိုက်တာ ဟုတ်ချင်ဟုတ်မည်။ ကားမှာလည်း အသန့်၊ ဖုန် တမူန်ပင် မတက်လောက်အောင် ပြောင်နေသည် ဟုထင်ရသည်။ တကားလုံး မော်ဒယ် ကို အမြင့် ဆုံး လို့ ပြောရမည်လား။ မြင်ဖူးနေကျ ကားထောင့်ကျကျ ပုံနှင့်ပင် မတူ။ ကုန်တင် ကားဟုသာ ခေါ်သည်။ မြင်ဖူးနေကျ ဘီးအစား စက်ဝန်းပုံ အပြာရောင်ကြီး က ကုန်အောက်ခြေကနေ လေဖြင့် မြင့် တင် ထားလေသည်။ အပေါ်ပိုင်းမှာလည်း ပေ နှစ်ဆယ် ထက်မနည်း မြင့်မည်။ ဘေးပတ်လည်မှာ ထောင့် ကျသော အပိုင်း ဟူ၍ မရှိ။ ပြောရရင် အဖြူရောင် တောင် ထိပ်တုံးကို အောက်ခြေပြား လေဖြင့် မြောက် တင်ထားသလိုလို။ အနီးကပ်သည်နှင့် တံခါးပေါက်မှာ အပြာတန်းများ ထွက်လာသည်။ အိမ်အနားကို ကပ်လာသည့်နှင့် ဖြည်းဖြည်းချင်း မြက်ခင်းပေါ်သို့ ဆင်းချလိုက်သည်။ ချက်ချင်းပင်ဆိုသလို တခါးပေါက်မှာ မြေအောက် ဆိုက်သွားသည်။ လူတော့ လူတယောက်။ သင်အင်တို့ နဲ့လည်း မတူ။ ဒါဆို ကျုံး...။

" အရှင် ထွန်း မြတ် သခင် မှာထားတဲ့ ပစ္စည်းတွေ အသင့်ရောက်ပါပြီ။" အရှင်၊ သခင် ဆိုတဲ့ စကားလုံးကို ကျုံး အချင်းချင်း ခေါ် ရသည်က သင်အင်တယောက်ကို ခေါ်တာထက် တော်သေးသည်။ သို့သော် လယ်သမား၊မုဆိုး ဘဝနဲ့ လွတ်လွတ် လပ်လပ် နေခဲ့ လို့လား မသိ။ နားခါး နေသည်။ မေးလည်း မေးချင်သည်။ ထွန်းမြတ်ကို ဆက်ဆံတာက ကျုံး အချင်းချင်း မောင်နှမ လို မိသားစုလို ဆက်ဆံတာနဲ့ မတူ။ ခေါင်း မမော့ရဲလောက်အောင် ကြောက်ရသည့် အာဏာပိုင် လူတယောက်ကို ဆက်ဆံရတာနဲ့ ပိုတူနေသည်။ သူ့ ပုံစံ အမှန်ကို သိလည်း သိချင်သည်။ မသိလည်း မသိချင်။ အခုတော့ သူ့ကြောင့် အရာရာ ပြန်အ ဆင်ပြေနေပြီလေ။

မီးငှက်လေး ပျံသည့်ပမာ Where stories live. Discover now