အခန်းခုနှစ်

243 30 9
                                        

ကလေးကော လူကြီးပါ ပျောက်သွားသည်။ ဤအချိန်ကား အကြာကြီးလို ခံစားလိုက်ရသည်။ သို့သော် မဟုတ်။ 'စ' လို့ ပြောတာနှင့် ပျောက်သွားသော လူနှစ်ယောက်မှာ လေသံများနဲ့ ပျောက်ကွယ် သွားပြီးနောက်ပိုင်း တောင်ထိပ် မြေပြန့် ပြန်ပေါ်လာတာ ကလေး တယောက်တည်း။ တဖွဲ့ လုံး မျက်လုံး ပြူးပြီး ထွက်လာ သော စကားလုံးမှာ တခုတည်း။

"ဟင်!"

မအံသြ မထူးဆန်းသော ပုံစံ နှင့် ပကတိ အတည်ငြိမ်ကြီး တည်ငြိမ်နေသူမှာ လေး ယောက်တည်း။ ဒိုင်လူကြီး၊ ထွန်းမြတ်၊ မြင့်မြတ် နဲ့ ခုနက ထွန်းမြတ်ကို မေးသော လူချော။ တခုခုကို သိနေသလို။

" အနိုင်ရရှိသူကလေးကတော့ ဒီကလေး၊ အောင်ပြည့်ပဲ ဖြစ်ပါတယ်။" ရှိတဲ့ လူတွေက ဒီအတိုင်း ငေးပဲကြည့်ရမလိုလို၊ လက်ခုပ်ကိုပဲ တဖြောင်းဖြောင်း ဘာမှ မဖြစ်သလိုပဲ ပေးရတော့မလိုလို။ နောက်တော့ မြီးကောင်ပေါက်စ ကောင်မလေး တယောက် အားနာပါးနာနဲ့ စတီးတော့ အာလုံးလည်း လက်ခုပ်ဆက်တီးကြသည်။

"နံပါတ် တစ်၊ ပထမ ပွဲစဉ် ပြီးပါပြီ။ အခု စမှာကတော့ နံပါတ် နှစ်၊ ဒုတိယ ပွဲစဉ် ပါ။ နံပါတ် နှစ် သမားတွေ အသင့်ပြင် ပေးထားကြပါ။"

"မပြီးသေးဘူး!!!!!" အသံစူးစူးဝါးဝါးကြီး တခု၊ အခု ခြေချထားသော တောင် အောက်နားကနေ ထွက်ပေါ်လာသည်။ ခုနက လူ၊ လက်တဖက်ကို တောင်ပေါ်က မြေပြန့်ကို လက်တင်လိုက်တာနဲ့ ခုနက ကလေး ဘာလုပ်ခဲ့ သလဲကို အထင်းသား မြင်လိုက်သည်။ ကြွက်သားတွေ ထင်းနေတဲ့ လက်ပေါ်မှာ နီနီ အစင်း အစင်း ကြီးတွေ၊ ပြုတ်ကျရင်း သစ်ပင် အခက်နဲ့ ရှတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်... မဖြစ်နိုင်တာ တခုတော့ ရှိတယ်။ မျက်နှာ ပေါ်က ကြက်ခြေခက်ရယ်၊ ကျောပေါ်မှာ ဒီအတိုင်း ကြီး ပါလာတဲ့ တတောင် မပြည့်တဲ့ ဓား တွေ သုံးလေးခု၊ ပြောရရင် တကိုယ် လုံး သွေးနဲ့ ပြည့်လုနီးပါး ဖြစ်နေတယ် ဆိုပါတော့။ သူမို့သာ အဲ့ဒါကို ခံနိုင်ပြီး တက်လိုက်တာ။ ကိုယ်တွေ ဆို အဲ့မှာ တင် ပွဲချင်းပြီးလောက်တယ်။

"အဲ့ဒါကလေး မဟုတ်ဘူး။" မျက်နှာ မှာလည်း ကြောက်တဲ့ အရိပ် အယောက် ပြနေသည်။ ကလေး ကတော့ ရယ်နေလေသည်။ သို့သော် အပြစ်ကင်းစင်တဲ့ ကလေးတယောက်ရဲ့ ရယ်သံ မဟုတ်။ စုန်းကဝေတယောက် ရဲ့ ရယ်သံ နဲ့ ပိုတူနေသည်။ အဲ... အခုမှ သတိရသည်။ ခြေလှမ်း အတတ်နိုင်ဆုံးမြန်ပြီး ၎င်းလူကို သွား ထူသည်။ ပြီးတော့ အနောက်ကနေ လိုက်လိုက်လာတဲ့ ခြေသံပိုင်ရှင်ကလည်း သူ့ကို မတင်ပေးသည်။ မြင့်မြတ်ပါ။

မီးငှက်လေး ပျံသည့်ပမာ Tempat cerita menjadi hidup. Temukan sekarang