အခန်းသုံးဆယ့်ခုနှစ်

127 15 0
                                        

နေခြည် အသေအချာကြည့်မိသည်။ ချမ်းသာ ကြွယ်ဝ သော အဓိပ္ပာယ် ကို ပြု၍ ရိုးရှင်းစွာပင် မြို့နာမည် များကို ပေးထားခဲ့ကြသော ရှေးဘိုးဘေတို့၏ ဓလေ့ကြောင့် တချိန်က မှန်းမရအောင် ချမ်းသာနိုင်ခဲ့သည့် မြို့ထောင့်စွန်းတနေရာ၊ သူတို့ ယခုရောက်နေရာမှာ အုတ်ခဲပျက်တို့ပေါ်မှာ လမ်းလျှောက်လာရသည်။

တည်ရှိသေးသော အဆောက်အအုံ တို့မှာလည်း အကြမ်းထည် တည်ဆောက် ထားသကဲ့သို့သာ ကျန်ရှိနေတော့သည်။ တနေရာတွင် နှင်းဆီ ရပ်လိုက်ပြီး အုတ်ခဲ အပြား အကြီး တခုပေါ်မှာ လက်တံခါးလက်ကိုင်လေးကို ဆွဲမကာ အထဲသို့ ဝင်သွားခဲ့သည်။ သုံးယောက် လုံး ဆင်းလာသော လှေကား အထစ်တို့မှာ တလှမ်းဆင်းတိုင်း လှေကားထစ်တွေက အသံမြည်လျက်၊ မခိုင်ခံတော့သော အခြင်းအရာပြနေသည်။

ဖြစ်ပေါ်လာသော လှေကားထစ်တို့၏ အသံကြောင့်လည်း ဆင်းလာခဲ့သော လှေကားလမ်းကြောင်းဘေးမှာ မြေအောက် ကြမ်းပြင် တခု၊ အပေါ် မြေပြင်ပေါ်မှာ အုပ်လျက်ရှိသော အရာတို့ကြားမှာ ထိုးထွက်လာလျက်ရှိသော အလင်းတို့မှာ မြေအောက် အရာများကို သဲသဲကွဲကွဲ မြင်စေရန် လုပ်ထားသလို၊ လူတို့မှာလည်း ထို မြေအောက် ကြမ်းပြင် အလင်းရှိသော နေရာတို့ တဖြည်းဖြည်း စုဝေးလာကြသည်။

များပြားလွန်းသော လူအစုအဝေးမှ မရောက်ဖူးသော ဧည့်သည် နှစ်ယောက်အတွက် တအံတဩပင် ရှိနေစေလျက်၊ ဤကဲ့သိုသော မှောင်မည်းကာ နေရန်ခက်ခဲလှသည့် မြေအောက်နေရာတွင် အဖွဲ့အစည်းလိုက် နေနေခြင်းကို စဉ်းစားနေမိသည်။ တဆက်တည်း ထိုလူတွေ အာလုံး ၏ တူညီသော အရာတခုကို တွေ့မြင်လိုက်ရာ၊ ထိုသူတို့သည် နှင်းဆီကဲ့သို့ပင် အဝတ်အစား တို့မှာ မကောင်းဆိုလိုက်လျှင် သန့်ပြန့်သလားမေးလျှင်လည်း မသန့်ပြန့်။

သူတို့အာလုံးက စုတ်ပြတ်၍ ညီညီညာညာပင် မချုပ်ပင်ထားသော ပေါက်ပြဲနေသည့် အဝတ်ပေါ်မှာမှ မဲညစ်နေသည်။ တဖြည်းဖြည်း အောက်သို့ ရောက်လာလေလေ၊ ထို အဖွဲ့အစည်းတို့နေနေသော နေရာ၏ အခန်းအနည်းအကျဉ်းကို မြင်ရလာလေလေ၊ မှောင်နေ၍ ရေနံဆီမီးသာ ထွန်းထားသော အခန်း အတော်အတန်ကျဉ်းသည့် အခန်းတို့မှာ မိန်းမတို့နှင့် ကလေးတို့က မယုံ၊ မသင်္ကာ သော အကြည့်တို့နှင့် ကြည့်နေကြသည်။

မီးငှက်လေး ပျံသည့်ပမာ Donde viven las historias. Descúbrelo ahora