အခန်းတစ်ဆယ်

182 27 2
                                    

ဟင်! အောင်ပြည့်နဲ့ ဝတ်ရည်။ တွေ့လိုက်ရတဲ့
ထူးခြားနေသည်။ တချက်က သူတို့ပါပဲ၊ သို့ပေမယ့်လည်း မဟုတ်၊ ပထမမြင်တုန်းကနဲ့ ကွဲပြားနေသည်၊ အရွယ်အစား သေးငယ်ချင်ငယ်မည်၊ ဒါပေမယ့် သူ့ထက် အရွယ်အစားကော၊ အင်အားကော အဆပေါင်းမျာစွာ ကြီးမားတဲ့ သူတယောက်ကို ခက်ထန်စွာ အနိုင်ရခဲ့သည့် ကြောက်စရာကောင်းသော သူမဟုတ်။ သာမန် အားနည်းတဲ့ကလေးတယောက်။ တခွန်းထဲနဲ့ ပြီးပြတ်အောင် ပြောလျှင် လောကရဲ့ အညစ်အကြေး မထိတွေ့ရသေးသော၊ အပြစ်ကင်းစင်သည့်ကလေး။ သူတယောက်တည်း အဲ့လို ပုံစံမဟုတ်။ သူ့အမ ကော။ ထူးခြားနေသည်။ နှစ်ယောက်လုံး ကြောက်ရွံ တုန်လူပ်နေသော အရပ်အယောင်များ လွမ်းမိုးနေသည်။ အကြာကြီး ငေးမောကာတွေးမိနေသည်။

"နေမ ဘာဖြစ်လို့လဲ။" အသံက နောက်ကနေ လိုက်လာသည်။ လှည့်မကြည့်လည်း သိသည်။ ထွန်းမြတ်၊ သူ့ ညီအကိုတွေနဲ့ တူတူ လိုက်လာတဲ့ အချိန်က အချိန်မှန်။ လှည့်ကြည့်လိုက်တာနဲ့ မေးချင်သော စကားလုံးများ ပေါ်လာသည်။

" ဟဲ့ အာလုံး အောင်ပြည့်နဲ့ ဝတ်ရည်ကို ဘယ်သူခေါ်လာတာလဲ။"

"ငါလေ။" ရေခဲပမာ အေးစက်နေသော ဝင်းမြတ်။ သူတို့အကြောင်းကို သိနေ၍ မတုန်လူပ် ၊ မခြောက်ခြားသော လူပမာ။

"လာဟို တိုက်ကြားထဲ အမြန်သွားမယ်။ ကလေးတွေကို လူတယောက်ခေါ်သွားပြီ။ မြန်မြန်!" မျက်လုံးပြူးမျက်ဆံပြူး တဖွဲ့လုံး နေခြည်အပါအဝင် တယောက်ကို တယောက် အချင်း ချင်း လှည့်ကြည့်မိသည်။ ပြောမနေတော့။ အာလုံး တိုက်ကြားထဲ သွားသည်။ သို့သော် အဖြစ်အပျက် တွေက မြန်လွန်းအားကြီးသည်။ ဘာထူးခြားမူမှ မရှိသော နေရာတခု။ တခုတော့ သဲလွန်စလို တွေ့လိုက်သည်။ အဝတ် စုတ်ဖြင့် ကာထားတဲ့ ထူးထူး တံခါး ငယ်လေး။ တိုက် တံခါးများက များသောအားဖြင့် လျှောက်လမ်းကိုသာ မျက်နှာ မူကြသည်။ တိုက်ဘေး တံခါးပေါက် ဆိုလျှင် လည်း တံခါးတို့မှာ သေ သပ်သွာ ပိတ်ထားသည်။ တဲကိုအပြင် ထုတ် ထားလျှင်လည်း အိမ် အထဲထိ မြင်နေရသော မြင်ကွင်းမှာ အေးချမ်းသည်။ ဒါကို ဤကျုံးမြို့မှာ မွေးကတည်းက နေရသော ကျုံးသူ နေခြည် အဖို့ စကား ထုတ်ပြောစရာမလိုအောင် သိသည်။ ၎င်းထူးခြားသောတံခါးပုံမျိုးတော့ မမြင်ဖူး။ အရိပ်နှင့် အမှောင်ဖုံးသော နေရာမှာ စုတ်ပြတ်နေသော အဝတ်စုတ်ပြတ်ကို တံခါးမရှိ သော တံခါးပေါက်မှာ ကာဖို့ဆိုတာ သူမအနေနဲ့ ပထမဆုံး အကြိမ် ဖြစ်လိမ့်မည်။ အာလုံး အသံတိတ် သွားရန် ခေါင်းညိတ် သဘောတူသည်။ ခေါင်းဆောင် အနေနဲ့ စတွေ့သူ၊ နေခြည်ဦးက ဦးဆောင်သည်။ အဝတ်စုတ်ဖယ်ရင်တောင် အသံထွက်မည်စိုးသောကြောင့် လွတ်နေသော၊ တံခါးအောက်ပိုင်းမှ ဝင်ကာ ခြေဖျားထောက်ဝင်သွားသည်။ ဂါဝန် အိပ်ကပ်မှာ ဓားငယ်တခုကို သူ့ ညာဘက်လက်မှာ ကိုင်ထားပြီး အသင့်။

မီးငှက်လေး ပျံသည့်ပမာ Where stories live. Discover now